ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၁.၃.၂၀၁၈) ရက်နေ့ (၁၈း၃၀) အချိန်တွင် လေပြင်းတိုက်ခတ်မှုကြောင့် ဇမ္ဗူသီရိမြို့နယ်၊ သပြေကုန်းရပ်ကွပ်အတွင်းရှိ ပြိုလဲ ပျက်စီးနေအိမ် (၁) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုးနှင့် အမိုးလန်နေအိမ် (၆) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုးအား(၁-၄-၂၀၁၈) ရက်နေ့ (၁၁: ၃၀) အချိန်တွင် သွားရောက်ထောက်ပံပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး (ဘစမ)