Author Archives: Department of Disaster Management

  • မီးဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း

        စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)မှ (၁၀-၅-၂၀၁၈) ရက်နေ့တွင် ဝက်လက်မြို့နယ်၊ မန်ကျည်းဖြူကျေးရွာ၌ မီးဘေးဖြစ်ပွားခဲ့ရာ အိမ်ခြေ (၂၁)လုံး မီးဘေးသင့်ခဲ့ရာ အိမ်ထောင် (၂၁)စု လူဦးရေ (၈၉)ဦး အတွက် အိမ်ဆောက်ပစ္စည်းထောက်ပံ့ငွေ (၂,၁၀၀,၀၀၀)ကျပ် နှင့် ဆန်ရိက္ခာဖိုး (၁၈၆,၉၀၀) ကျပ် တို့ကို (၁၁-၅-၂၀၁၈) ရက်နေ့တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။ Source: စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ) #ha_fir #sgg_may2018  

  • လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

    ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀-၅-၂၀၁၈) ရက်နေ့၌ ဖြူးမြို့၊ ဈေးရပ်ကွက် ၊(၂၁) လမ်းတွင်ဖြစ်ပွားခဲ့သောလေဘေးကြောင့် ပြိုလဲနေအိမ် (၁) လုံး၊ သေဆုံးသူ (၁) ဦးနှင့် ဒဏ်ရာရသူ (၁) ဦးတို့အတွက် စုစုပေါင်းထောက်ပံ့ငွေ (၄၅၀,၀၀၀/-) ကျပ်အား ပြည်သ့ူလွှတ်တော်ကိုယ်စားလှယ်၊အမျိုးသားလွှတ်ကိုယ်စားလှယ်နှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးတို့နှင့် အတူ (၁၂-၅-၂၀၁၈)ရက်နေ့တွင် ဘေးသင့်ပြည်သူများလက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ) #ha_sgw #bgo_may2018

  • မိုင်းတုံမြို့နယ်၊ ပါမန်ရင်ရပ်ကွက်၌ ငလျင်အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း

      ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကျိုင်းတုံ ခရိုင်ဦးစီးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး၊ ဒေါ်ခင်သန္တာရွှေနှင့် တာဝန်ရှိသူများသည် (၁၂-၅-၂၀၁၈) ရက်နေ့၊နံနက် (၀၈း၃၀) နာရီ မှ (၁၀းဝဝ) နာရီ အထိ မိုင်းတုံ မြို့နယ်၊ ပါမန်ရင်ရပ်ကွက်၌ ငလျင်အသိပညာပေးဟောပြောပွဲ ပြုလုပ်ခဲ့ရာ တက်ရောက်လာသူ (၂၀၀) ဦးအား သဘာဝဘေး အန္တရာယ်ဆိုင်ရာ အသိပညာပေးခြင်း၊ ငလျင်ဘေးနှင့် ပတ်သက်၍ ဆောင်ရန်ရှောင်ရန်များ၊ ငလျင်လှုပ်ခတ်စဉ်အတွင်း နေထိုင်ရမည့်အနေအထားအား လက်တွေ့သရုပ်ပြခြင်း၊ ပူးပေါင်းဆောင်ရွက်စေခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေ ပေးခြင်း များ ပြုလုပ်ဆောင်ရွက်ခဲ့ပါကြောင်း သိရှိရပါသည်။ Source: … Read more

  • အင်းတော်မြို့နယ်အတွင်း လေဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှု သတင်း

    ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကသာခရိုင်ဦးစီးမှူးရုံးမှ အင်းတော်မြို့နယ်အတွင်း (၉-၅-၂၀၁၈) ရက်နေ့ ဖြစ်ပွား သော လေဘေးကြောင့် အမိုးလန်နေအိမ်(၂၂)လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၀)မျိုး (၂၂) အိမ်ထောင်စာ၊ အိမ်ဆောက် ပစ္စည်းဖိုး ထောက်ပ့ံငွေကျပ်(၉၄၀,၀၀၀)ကို (၁၂-၅-၂၀၁၈)ရက်နေ့တွင် အင်းတော်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနခန်းမ ၌ သက်ဆိုင်ရာပြည်သူများထံသို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါ သည်။   Source: ကသာခရို်င်ဦးစီးမှူးရုံး (ဘစမ) #ha_sgw #sgg_may2018

  • မန်စီမြို့နယ်၊ ရေခူးမံခင်ကျေးရွာရှိ ပြောင်းရွေ့အိမ်ထောင်စုအားထောက်ပံ့ပေးမှုသတင်း

      (၁၁-၅-၂၀၁၈)ရက်နေ့တွင် မန်စီမြို့နယ်၊ ရေခူးမံခင်ကျေးရွာ ရှိတန်ဖိုးနည်းအိမ်ရာသို့ ပြောင်းရွှေ့အိမ်ထောင်စု (၁)စု လူဦးရေ(၇)ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုးပါ ပလပ်စတစ်ပုံး(၁)ပုံး၊ (၃၂)မျိုးပါ Relief kit (၁) ဖာနှင့် (၇) ရက်စာ ဆန်ဖိုးငွေ (၁၄,၇၀၀)တို့အား ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူ များသည် (၁၁.၅.၂၀၁၈) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိ ရပါသည်။ Source : ဗန်းမော်ခရိုင် ဦးစီးမှူးရုံး(ဘစမ) #ha_otr #kcn_may2018

  • သရက်မြို့နယ်ရှိ လေပြင်းဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း

      ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀-၅-၂၀၁၈ ) ရက်နေ့၊ လေပြင်းတိုက်ခတ်မှုကြောင့် သရက်မြို့နယ်၊ ကျေးရွာအုပ်စု (၄)စု၊ ကျေးရွာ (၅) ရွာတို့တွင် နေအိမ်(၉)လုံး အမိုးလန်ပျက်စီးခဲ့ပြီး နေအိမ်(၁)လုံးမှာ ပြိုကျပျက်စီးခဲ့ပါသည်။ စုစုပေါင်း အိမ်ခြေ(၁၀) လုံး အိမ်ထောင်စု(၁၀)စု၊ လူဦးရေ(၂၉)ဦး ဘေးသင့်ခဲ့ရာ ဘေးသင့်လူဦးရေ(၂၉)ဦးအတွက် ဆန်ရိက္ခာဖိုး (၇) ရက်စာ (၆၀,၉၀၀) ကျပ်၊ နေအိမ်(၁၀)လုံး အတွက် အိမ်ဆောက်ပစ္စည်းဖိုး (၂၅၀,၀၀၀)ကျပ်၊ ရန်ပုံငွေစုစုပေါင်း (၃၁၀,၉၀၀) ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း(၉)မျိုး-(၉) အိမ်ထောင်စာနှင့် ကယ်ဆယ်ရေးပစ္စည်း(၁၅)မျိုး-(၁)အိမ်ထောင်စာတို့ကို … Read more

  • တောင်တွင်းကြီးမြို့နယ်အတွင်း လေဘေးထောက်ပံ့မှုသတင်း

      ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် တောင်တွင်းကြီးမြို့ နယ်၊ ကျေးရွာ (၂၁) ရွာတို့တွင် (၁၁-၅-၂၀၁၈) ရက်နေ့(၀၃:ဝဝ)အချိန်တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ဘေးသင့်ခဲ့သော  အမိုးလန်နေအိမ် (၁၃၀) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂,၆၀၀,၀၀၀)ကျပ်၊ ဘုန်းတော်ကြီးကျောင်း (၂) ကျောင်း အတွက် ကျောင်းဆောက်ပစ္စည်းဖိုး (၁၀၀,၀၀၀) ကျပ်၊ လူဦးရေ (၅၈၈) ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာ (၁,၂၃၄,၈၀၀)ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၃,၉၃၄,၈၀၀) ကျပ် နှင့်  ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး၊ အိမ်ထောင်စု … Read more

  • ပေါက်မြို့နယ်နှင့် ပခုက္ကူမြို့နယ်အတွင်းရှိ လေဘေးထောက်ပံ့ပေးမှုသတင်း

        ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊  ပခုက္ကူခရိုင်ဦးစီးမှူးရုံးနှင့် ရေစကြိုမြို့နယ်ဦးစီးမှူးရုံးတို့မှ တာဝန်‌ရှိ သူများသည် ပေါက်မြို့နယ်အတွင်းရှိ ကျေးရွာ(၇)ရွာတို့တွင် (၁၀-၅-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေး ကြောင့် အမိုးလန်သာသနာနိကအဆောက်အဦး(၃)ကျောင်း၊ ကျောင်းဇရပ်(၂)ဆောင်၊  ပြိုကျပျက်စီးနေအိမ်(၂)လုံး၊ အမိုးလန်အိမ်ခြေ (၂၆)လုံး၊ အိမ်ထောင်စု(၂၈)စု၊ လူဦးရေ(၁၀၃)ဦး ဘေးသင့်ခဲ့ရာ အိမ်ဆောက်ပစ္စည်းဖိုး (၁,၁၂၀,၀၀၀)ကျပ်၊ ဆန်ရိက္ခာဖိုး (၂၁၆,၃၀၀)ကျပ်၊ ပြိုကျပျက်စီးနေအိမ်(၂)လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၅)မျိုး၊ အမိုးလန်အိမ်ခြေ(၂၆)လုံး အတွက် ကယ်ဆယ်ရေးပစ္စည်း(၉)မျိုး၊ စုစုပေါင်း (၁,၆၉၆,၃၀၀) (ကျပ်တစ်ဆယ့် ခြောက်သိန်းကိုးသောင်းခြောက်ထောင့်သုံးရာတိတိ) တို့အား (၁၁-၅-၂၀၁၈)ရက်နေ့တွင် ပေါက်မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ … Read more

  • ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ ထောက်ပံ့မှုသတင်း

    ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ရေဘေးကာကွယ်ရေးနှင့် ရွှေ့ပြောင်းကယ်ဆယ်ရေးလုပ်ငန်းများတွင် အသုံးပြုရန် မိုးမိတ်မြို့အတွက် ဖိုင်ဘာစက်လှေ (၂)စီးနှင့် အသက်ကယ်အင်္ကျီ (၂၀)ထည်၊ မဘိမ်းမြို့အတွက် ဖိုင်ဘာစက်လှေ (၂)စီးနှင့် အသက်ကယ်အင်္ကျီ (၂၀)ထည်၊ စုစုပေါင်း ဖိုင်ဘာစက်လှေ (၄)စီးနှင့် အသက်ကယ်အင်္ကျီ (၄၀)ထည်တို့အား မိုးမိတ်မြို့နယ်၊ အုပ်ချုပ်ရေးမှူးထံသို့ (၆-၅-၂၀၁၇) ရက်နေ့တွင် လွှဲပြောင်းပေးခဲ့ကြောင်းသတင်းရရှိပါသည်။

  • ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှ မီးဘေးထောက်ပံ့မှုသတင်း

    ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၅-၅-၂၀၁၈) ရက်နေ့ ည (၂၂:၁၅) နာရီအချိန်ခန့်တွင် ကျိုင်းတုံမြို့နယ်၊ အမှတ်(၁) ရပ်ကွက်၊ လုပ်သားရွာတွင် ဖယောင်းတိုင်မီးမှ တစ်ဆင့် မီးလောင်မှုဖြစ်ပွားခဲ့ရာ (၆) နှစ်အရွယ် ကလေး(၁) ဦးနှင့် (၂) နှစ်ခွဲအရွယ် ကလေး(၁) ဦးတို့ မီးလောင်မှုကြောင့် သေဆုံးခဲ့ရကြောင်းနှင့် အဆိုပါ သေဆုံးသူ (၂) ဦးအတွက် ထောက်ပံ့ငွေကျပ် (၆၀၀,၀၀၀)၊ အိမ်ဆောက်ပစ္စည်းတန်ဖိုးငွေကျပ် (၁၀၀,၀၀၀)၊ ကျန်ရစ်သူ မိသားစု (၂) ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာတန်ဖိုးငွေကျပ် … Read more

Sign Up

Upcoming Events