Author Archives: Department of Disaster Management

  • သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပခြင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ညောင်ဦးခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၁-၇-၂၀၁၈) ရက်နေ့တွင် ကျောက်ပန်းတောင်းမြို့နယ်၊ ချောင်းခြားစုကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း၌ ကျောင်း သား/ ကျောင်းသူ စုစုပေါင်း (၁၂၀) ဦးတို့အား သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်သည့် အသိ ပညာပေးဟောပြောခြင်း၊ ဆောင်ရန်/ ရှောင်ရန်အကြောင်းအရာများအားရှင်းလင်းပြောကြားခြင်း နှင့် လက်ကမ်းစာစောင်ဖြန့်ဝေခြင်းများပြုလုပ်ခဲ့ကြောင်းသတင်းရရှိပါသည်။ #ar #mdy_jul2018 Source: ညောင်ဦးခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ ကမ်းပြိုမှုကြောင့် ကြိုတင်ရွှေ့ပြောင်းအိမ်ခြေများအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အင်္ဂပူမြို့နယ်၊ ခွေးတောက်ချောင်းကျေးရွာအုပ်စုနှင့် စစ်ကုန်းကျေးရွာအုပ်စုတို့တွင် (၂-၇-၂၀၁၈)နေ့ နှင့် (၅-၇-၂၀၁၈)နေ့တို့၌ ကမ်းပြိုမှုကြောင့် ကြိုတင်ရွှေ့ပြောင်း အိမ်ခြေ (၂၄)လုံး၊ စုစုပေါင်းအိမ်ခြေ/အိမ်ထောင်စု (၂၄)စု၊ လူဦးရေ (၉၉) ဦး တို့အတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး၊ (၂၄) အိမ်ထောင်စာကို လည်းကောင်း၊ အိမ်ဆောက်ပစ္စည်းတန်ဖိုးငွေကျပ် (၂၄) သိန်း၊ ဆန်ရိက္ခာဖိုးငွေကျပ် (၂၀၇,၉၀၀) ကျပ်၊ စုစုပေါင်းကယ်ဆယ်ရေးရန်ပုံငွေ (၂,၆၀၇,၉၀၀) ကျပ် တို့အား ( … Read more

  • ခန္တီးခရိုင်ဦးစီးမှူးရုံးမှ ပြောင်းရွှေ့နေအိမ်ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ခန္တီးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ခန္တီးမြို့၊ ပေါမိုင်းရပ်၊ သာစည်ကျေးရွာတွင် ချင်းတွင်းမြစ်ရေကြီးမှုကြောင့် ကမ်းပါးပြိုကျမည် စိုးရိမ်ရသဖြင့် (၆-၇-၂၀၁၈)နေ့ တွင် ပြောင်းရွှေ့ခဲ့သော နေအိမ်( ၁ )လုံးအတွက် အိမ်ဆောက် ပစ္စည်းဖိုးထောက်ပံ့ငွေကျပ် (၁၀၀,၀၀၀)၊ ဆန်ဖိုးထောက်ပံ့ငွေကျပ် (၁၄,၇၀၀)၊ စုစုပေါင်းထောက်ပံ့ငွေကျပ် (၁၁၄,၇၀၀) နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၁) မျိုး (၁-အိမ်ထောင်စာ) အား (၈-၇-၂၀၁၈) နေ့ ကျင်းပပြုလုပ်သည့် ရေဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်း အခမ်းအနားတွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း … Read more

  • ခန္တီးခရိုင်ဦးစီးမှူးရုံးမှ ရေဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ခန္တီးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သက်ဆိုင်ရာ ဌာနဆိုင်ရာများ၊ ရပ်ကွက်ဥက္ကဌများ၊ ရာအိမ်မှူး/ဆယ်အိမ်မှူး၊ ရဟန်းရှင် ပြည်သူများနှင့် ပူးပေါင်း၍ (၈-၇-၂၀၁၈)နေ့ နံနက် (၀၉၀၀)နာရီအချိန်တွင် ခန္တီးမြို့၊ ပေါမိုင်းရပ်ကွက်၌ ရေဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်ခန်း ပြုလုပ် ခဲ့ကြောင်း သတင်းရရှိပါသည်။

  • ပန်းတောင်းမြို့နယ်ဦးစီးမှူးရုံးမှ သဘာဝဘေးအသိပညာဟောပြောမှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်အတွင်းရှိ ပန်းတောင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၆-၇-၂၀၁၈)ရက်နေ့တွင် ပန်းတောင်းမြို့နယ်၊ ကျွန်းမီးကျေးရွာအုပ်စု၊ ကျွန်းမီးကျေးရွာ၊ မှန်တောင်ဘုန်းတော်ကြီးကျောင်းတွင် မိုးကြိုးဘေးအသိပညာပေးဟောပြောပွဲကို နေ့လည် (၁၂၀၀)နာရီမှ (၁၃၀၀)နာရီအထိ ပြုလုပ်ခဲ့ရာ ကျေးရွာနေပြည်သူ (၁၅၀)ဦးတက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

  • ဒုတိယအကြိမ်ငလျင်ဆိုင်ရာဖိုရမ် (နေ့ရက်- ၁၃ မှ ၁၄ ဇူလိုင်လ ၂၁၀၈)

    ငလျင်အန္တရာယ်ကြောင့်ထိခိုက်ဆုံးရှုံးမှုများလျော့နည်းစေဖို့— သင်နဲ့ သင့်မိသားစုဘာတွေကြိုတင်ပြင်ဆင်ပြီးပြီလဲ— ဒုတိယအကြိမ်ငလျင်ဆိုင်ရာဖိုရမ် (နေ့ရက်- ၁၃ မှ ၁၄ ဇူလိုင်လ ၂၁၀၈) နေရာ- Yangon Technological University (YTU), ရန်ကုန်နည်းပညာ တက္ကသိုလ်၊ အင်းစိန် လမ်းမကြီး၊ ကြို့ကုန်း၊ ရန်ကုန်။ အခမဲ့ စာရင်း ပေးသွင်းရန် www.123formbuilder.com/form-3910719/Event-Registration-Form – ငလျင် မကြာခဏ လှုပ်လျှက်ရှိသည်ကို သင်သတိပြု မိပါသလား၊ သင်ခံစားမိပါသလား? – သင်လဲ ငလျင်ကြောင့် ဘေးသင့်သူတစ်ယောက် ဖြစ်သွားနိုင်ပါတယ် – သေချာတာတစ်ခုကတော့ ငလျင်ဆိုတာ … Read more

  • ပြည်ခရိုင်ဦးစီးမှူးရုံးမှ မိုးကြိုးဘေးအသိညာပေး ဟောပြောမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၆-၇-၂၀၁၈)ရက်နေ့တွင် ပြည်ခရိုင်၊ရွှေတောင်မြို့နယ်၊ သာစီကုန်းကျေးရွာအုပ်စု၊ ဖုန်းစိုးကျေးရွာ၌  ”မိုးကြိုးဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ” အားပြုလုပ်ခဲ့ရာ ကျေးရွာနေပြည်သူ (၁၅၀)ဦးခန့် တက်ရောက်ခဲ့ပြီး တက်ရောက်လာကြသူများအား မိုးကြိုးဘေး၊ ငလျင်ဘေး၊ မုန်းတိုင်းဘေးစသည့် ဘေးများ၏လက်ကမ်းစာစောင်များဖြန့်ဝေခြင်းနှင့် မိုးကြိုးဘေးဗီနိုင်းပိုစတာအား ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။  

  • မီးဘေးထောက်ပံ့မှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ကျိုက်ထိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁-၇-၂၀၁၈) ရက်နေ့၌ ကျိုက်ထိုမြို့နယ်၌ မီးဘေးသင့်မှုဖြစ်ပွားခဲ့ရာ တစ်စိတ်တစ်ပိုင်းပျက်စီးဆုံးရှုံးခဲ့သည့် နေအိမ် (၁) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၁) မျိုး (၁) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၇၁၀၀၀) ကျပ်နှင့် လူဦးရေ (၇) ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာဖိုးငွေ (၁၄၇၀၀) ကျပ် စုစုပေါင်းထောက်ပံ့ငွေ (၈၅၇၀၀) ကျပ်တို့အား ကျိုက်ထိုမြို့နယ်၊ အုပ်ချုပ်ရေးမှူးရုံး၌ (၃-၇-၂၀၁၈) ရက်နေ့တွင် ဘေးသင့်ပြည်သူများအား … Read more

  • အရေးပေါ်ထောက်ပံ့ပို့ဆောင်ရေးလက်တွေ့အသုံးချသင်တန်း (Pratical Emergency Logistics Training) ကျင်းပပြုလုပ်နေမှုသတင်း

    (၁-၇-၂၀၁၈) ရက်(တနင်္ဂနွေနေ့)၊ (၀၉း၀၀)အချိန်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနနှင့် ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်(WFP)တို့ ပူးပေါင်း၍ အရေးပေါ်ထောက်ပံ့ပို့ဆောင်ရေးလက်တွေ့အသုံးချသင်တန်း(Pratical Emergency Logistics Training)ကို ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်ရှိ WFP Warehouse ၌ ဖွင့်လှစ်ခဲ့ရာ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသန်းထွဋ်ဆွေက အဖွင့်အမှာစကားပြောကြားပြီး WFP မှ Head of Supply Chain Management ဖြစ်သူ Mr. Jean Luc Kohler က သင်တန်း ဖွင့်လှစ်ရသည့်ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပါသည်။ … Read more

Sign Up

Upcoming Events