ငလျင်အန္တရာယ်ကြောင့်ထိခိုက်ဆုံးရှုံးမှုများလျော့နည်းစေဖို့—
သင်နဲ့ သင့်မိသားစုဘာတွေကြိုတင်ပြင်ဆင်ပြီးပြီလဲ—
ဒုတိယအကြိမ်ငလျင်ဆိုင်ရာဖိုရမ် (နေ့ရက်- ၁၃ မှ ၁၄ ဇူလိုင်လ ၂၁၀၈)
နေရာ- Yangon Technological University (YTU), ရန်ကုန်နည်းပညာ တက္ကသိုလ်၊ အင်းစိန် လမ်းမကြီး၊ ကြို့ကုန်း၊ ရန်ကုန်။
အခမဲ့ စာရင်း ပေးသွင်းရန် www.123formbuilder.com/form-3910719/Event-Registration-Form
– ငလျင် မကြာခဏ လှုပ်လျှက်ရှိသည်ကို သင်သတိပြု မိပါသလား၊ သင်ခံစားမိပါသလား?
– သင်လဲ ငလျင်ကြောင့် ဘေးသင့်သူတစ်ယောက် ဖြစ်သွားနိုင်ပါတယ်
– သေချာတာတစ်ခုကတော့ ငလျင်ဆိုတာ ဘယ်အချိန်လာမယ်ဆိုတာ ကြိုတင်မသိနိုင်ပါဘူး
– ကဲ သင်တို့ရော ကျွန်ုပ်တို့ရော ဘာတွေ ပြင်ဆင်ထားမလဲ
– သင်တို့ ကျွန်ုပ်တို့ နေထိုင်နေတဲ့ ရန်ကုန်နဲ့ ငလျင် ဘယ်လောက်ဆက်စပ်မှုရှိလဲ အနည်းငယ်လေ့လာကြည့်ရအောင်
– “မြန်မာနိုင်ငံသည် အရှေ့တောင်အာရှတွင် ဒုတိယ အကြီးဆုံးနိုင်ငံဖြစ်ပြီး လူဦးရေ သန်းငါးဆယ်ကျော် နေထိုင်ကြသည်။ ပထဝီဝင် အနေအထားအရ ဘေးအန္တရာယ် အမျိုးမျိုးကို ကြုံတွေ့နိုင်သည့် ဒေသတစ်ခုဖြစ်ပြီး ၂၀၀၄ အိန္ဒိယ သမုဒ္ဒရာ တွင်ဖြစ်ပေါ်ခဲ့သော ဆူနာမီလှိုင်းသည် ကမ်းရိုးတန်းဒေသများသို့ ထိခိုက်မှုများရှိခဲ့သည်။
– မြန်မာနိင်ငံသည် စစ်ကိုင်း ပြတ်ရွေ့၊ ကျောက်ကြမ်း ပြတ်ရွေ့၊ ကုလားတန် ပြတ်ရွေ့၊ ကဘော် ပြတ်ရွေ့များပေါ်တွင် တည်ရှိနေ့ခြင်းကြောင့် ငလျင်သည် မြန်မာနိင်ငံ၏ သိသာထင်ရှားသော သဘာဝဘေးအန္တရာယ် တစ်ခု ဖြစ်သည်။ မြန်မာ့သမိုင်းတွင်လည်း ကြီးမားသော ငလျင်လှုပ်ခတ်ခြင်းများရှိခဲ့ကာ အသက်ဆုံးရှုံးခြင်း၊ အိုးအိမ် ပစ္စည်းများ ပျက်စီးဆုံးရူံးခြင်း၊ ရှေးဟောင်း အဆောက်အအုံများ ပျက်ဆီးခြင်းများ ဖြစ်ပေါ်ခဲ့သည်။ ၂၀၁၁ ခုနှစ် ရှမ်းပြည်နယ် အရှေ့ပိုင်းတွင် ဦးတည် လှုပ်ခတ်ခဲ့သော အင်အား ရစ်ချ်တာစကေး ၆.၈ ရှိသော ငလျင်ကြောင့် ခန့်မှန်းခြေ လူ ၇၆ဦး သေဆုံးခဲ့သည်။ ၂၀၁၂ ခုနှစ်တွင် စစ်ကိုင်း ပြတ်ရွေ့ကြောင့်ဖြစ်သော အင်အား ရစ်ချ်တာစကေး ၆.၈ ငလျင်သည် မန္တလေး မြို့ ၏ မြောက်ဘက် ၁၀၀ ကီလိုမီတာအကွာ သပိတ်ကျင်းမြို့အနီးတွင် ဖြစ်ပွားခဲ့သည်။ ထိုငလျင်ကြောင့် လူ ၂၆ ဦး သေဆုံးခဲ့ပြီး ပျက်စီး ဆုံးရှုံးမှုကြီးမားခဲ့သည်။ ၂၀၁၆ ခုနှစ် ဧပြီလတွင် အင်အား ရစ်ချ်တာစကေး ၆.၉ အဆင့်ရှိသော ငလျင်တစ်ခုသည် စစ်ကိုင်းတိုင်းဒေသကြီး မော်လိုက်မြို့ အနီးတွင် ဖြစ်ပွားခဲ့သည်။ ထို့အတူ ၂၀၁၆ ခုနှစ် သြဂုတ်လတွင် မကွေးတိုင်း ဒေသကြီး ချောက်မြို့နယ်တွင် အင်အား ရစ်ချ်တာစကေး ၆.၈ အဆင့်ရှိသော ငလျင် ထပ်မံ လှုပ်ခတ်ခဲ့ရာ မြန်မာနိုင်ငံ အလယ်ပိုင်း ပုဂံဒေသရှိ ဘုရား၊ စေတီ ပုထိုးများ နှင့် စာသင်ကျောင်း နှစ်ကျောင်း ပျက်စီးဆုံးရူံးခဲ့သည်။ ၂၀၁၇ မတ်လ ၁၄ ရက်နေ့တွင် အင်အား ရစ်ချ်တာစကေး ၅.၈ဖြင့် ငလျင်လှုပ်ခတ်ခဲ့သည့် တိုက်ကြီးငလျင်တွင် ထိခိုက် ဒဏ်ရာရသူ ၂၆ ဦးခန့် ရှိခဲ့ပြီး နေအိမ်နှင့် သာသနိက အဆောက်အအုံ အချို့ ပျက်စီးခဲ့သည်။ လက်ရှိတွင်လည်း ၂၀၁၈ ခုနှစ်တွင် ဇန်နဝါရီမှ ဇွန်လကုန်အထိ မြန်မာနိုင်ငံတွင်း ပြင်အား ရစ်ချ်တာစကေး ၃.၀ အထက် အကြိမ် ၁၀၀ ကျော်ခန့် ငလျင်များ မကြာခဏ လှုပ်ခတ်နေသည်ကို သင်တို့ သတိပြုမိမှာပါ။
ရန်ကုန်မြို့သည် နိုင်ငံ၏ အဓိက စီးပွားရေး အချက်အခြာ မြို့ ဖြစ်ပြီးနိုင်ငံမြောက်ပိုင်းမှ မုတ္တမ ပင်လယ်ကွေ့အထိ ကီလိုမီတာ ၁၀၀၀ ခန့် အကွာအဝေးနှင့် သွယ်တန်းနေသည့် စစ်ကိုင်းပြတ်ရွေ့ အနီးတွင် တည်ရှိနေသည်။ ၁၉၃၀ ခုနှစ်တွင် အင်အား ရစ်ချ်တာစကေး ၇.၃ အဆင့်ရှိသော ငလျင်တစ်ခု လှုပ်ခတ်ခဲ့ပြီး ပဲခူးဒေသတွင် လူဦးရေငါးရာခန့်နှင့် ရန်ကုန်မြို့တွင်လူဦးရေ ၅၀ ခန့်သေဆုံးခဲ့သည်။ ထိုစဉ်က ရန်ကုန်မြို့ လူဦးရေမှာ ၄၀၀,၀၀၀ ခန့်သာရှိပြီး ယခု အခါတွင် ရန်ကုန်မြို့ လူဦးရေသည် ၆ သန်းကျော်ရှိသည်။ မြို့တော်သည်လည်း လျှင်မြန်စွာ ပြောင်းလဲတိုးတက်လျှက်ရှိရာ အကယ်၍ ငလျင်လှုပ်ခတ်မှု ခံရပါက ဆုံးရှုံမှုနှင့် ပျက်စီးမှုများကို မည်သူမျှ ခန့်မှန်းနိုင် မည်မဟုတ်ပေ။
ထို့ကြောင့် ရန်ကုန်မြို့တွင် ငလျင်နှင့် ပတ်သက်သော ကြိုတင်ပြင်ဆင်မှုများကို အလျှင်အမြန်ဆောင်ရွက်ရန် လိုအပ်နေသည်။ ၂၀၁၆ အောက်တိုဘာတွင် ပထမအကြိမ် ငလျင်ဖိုရမ်ကို ရန်ကုန်မြို့ MICC တွင် တစ်ရက်တာ ကျင်းပနိုင်ခဲ့ပြီး လူဦးရေ ၈၀၀ ခန့် တက်ရောက်ခဲ့သည်။ ယခုနှစ်တွင်လည်း ဒုတိယ အကြိမ် ငလျင်ဖိုရမ်ကို ပြုလုပ်သွားမည် ဖြစ်သည်။ ဖိုရမ် ရည်မှန်းချက်များမှာ (၁) ရန်ကုန်တိုင်းဒေသကြီး၏ ငလျင်အန္တရာယ် ကျရောက်နိုင်ခြေ နှင့် ထိခိုက်လွယ်မှုဆိုင်ရာ အချက်အလက်များကို မျှဝေရန်။
(၂) ရန်ကုန်တိုင်းဒေသကြီးအတွင်း ငလျင်အန္တရာယ် ကြိုတင်ပြင်ဆင်ရေး လုပ်ငန်းများကို အဓိကပါဝင် လုပ်ဆောင်ရမည့် အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များ၏ ငလျင်အန္တရာယ်ဆိုင်ရာ အသိပညာများ တိုးမြင့်လာစေရန်။
(၃) ငလျင်အန္တရာယ် ကြိုတင်ပြင်ဆင်ရေး၊ ထိခိုက်မှုလျော့ချရေး၊ အရေးပေါ်တုံ့ပြန်ရေးဆိုင်ရာ စွမ်းဆောင်ရည် များတိုးမြင့်လာစေရန် လက်ရှိလေ့လာတွေ့ရှိချက်များ နှင့် လုပ်ဆောင်ချက်များကို ပြန်လည်သုံးသပ်ပြီး လိုအပ်ချက်များ ရှာဖွေဖော်ထုတ်ရန်။
(၄) ရန်ကုန်တိုင်းဒေသကြီး ငလျင်အန္တရာယ် ကြိုတင်ပြင်ဆင်ရေး၊ ထိခိုက်မှုလျှော့ချရေး၊ အရေးပေါ်တုံ့ပြန်ရေး ဆိုင်ရာ စွမ်းဆောင်ရည်များ အားကောင်းလာစေရန်အတွက် အဓိက ပါဝင်လုပ်ဆောင်ရမည့်အဖွဲ့များ ပုဂ္ဂိုလ်များ ကို စုစည်းထားရှိရန်။
(၅) ငလျင်ကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများ လျော့နည်းလာစေရန် ရန်ကုန်မြို့နေ ပြည်သူလူထု၏ ငလျင်အန္တရာယ် ကြိုတင်ပြင်ဆင်ရေး၊ တုံ့ပြန်ရေး၊ အသိပညာများနှင့် စွမ်းဆောင်ရည်များ တိုးမြင့်လာစေရန်တို့ ဖြစ်ပါတယ်။
– သင်နဲ့ သင့်မိသားစု ကို ကြိုတင်ကာကွယ် ပြင်ဆင်ဖို့ဆိုတာ သင့်အပေါ်မှာပဲ မူတည်ပါတယ်
– နှစ်ရက်ဆိုတဲ့ အချိန်လေးဟာ သင်နဲ့ သင့်မိသာစု ငလျင် ကြိုတင်ပြင်ဆင်မှုမှာ အများကြီး အထောက်အကူဖြစ်မှာပါ
– ကဲ ငလျင်အန္တရာယ်အတွက် သင်ရော သင့်မိသားစုရောပါ ကြိုတင်ပြင်ဆင်ဖို့ ခုပဲ www.123formbuilder.com/form-3910719/Event-Registration-Form စာရင်းသွင်းလိုက်ကြပါစို့
Online စာရင်း မသွင်းလိုက်ရသူများလည်း ဖိုရမ်ကျင်းပသည့် နေ့တွင် စာရင်း ပေးသွင်းတက်ရောက် နိုင်ပါသည်။မမေ့နဲနော် ၁၃ ကနေ ၁၄ ဇူလိုင်ပါ