လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ကျိုက်ထိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁-၇-၂၀၁၈) ရက်နေ့၌ ကျိုက်ထိုမြို့နယ်၌ မီးဘေးသင့်မှုဖြစ်ပွားခဲ့ရာ တစ်စိတ်တစ်ပိုင်းပျက်စီးဆုံးရှုံးခဲ့သည့် နေအိမ် (၁) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၁) မျိုး (၁) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၇၁၀၀၀) ကျပ်နှင့် လူဦးရေ (၇) ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာဖိုးငွေ (၁၄၇၀၀) ကျပ် စုစုပေါင်းထောက်ပံ့ငွေ (၈၅၇၀၀) ကျပ်တို့အား ကျိုက်ထိုမြို့နယ်၊ အုပ်ချုပ်ရေးမှူးရုံး၌ (၃-၇-၂၀၁၈) ရက်နေ့တွင် ဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသတင်းရရှိပါသည်။
#ha_fir
#mon_jul2018
Source: ကျိုက်ထိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ)