လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့ ပူးပေါင်း၍ သဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအခြေခံသင်တန်းကို (၉-၇-၂၀၁၈) ရက်နေ့မှစတင်ဖွင့်လှစ်လျက်ရှိပါသည်။ အဆိုပါသင်တန်းသို့ တက်ရောက်လျက်ရှိနေသည့် သင်တန်းသား/ သူ (၆၀) ဦးတို့အား (၁၁-၇-၂၀၁၈) ရက်နေ့၊ (၁၄းဝ၀) နာရီအချိန်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၌ အရေးပေါ်အခြေအနေစီမံခန့်ခွဲမှုဗဟိုဌာန (EOC) ၏ လုပ်ငန်းတာဝန်များ၊ နိုင်ငံအသီးသီးတွင် ရင်ဆိုင်ကြုံတွေ့နေရသည့် သဘာဝဘေးအန္တရာယ်များအကြောင်းနှင့်စပ်လျဉ်း၍ ဌာနကြီးမှူး ဦးဝင်းထိန်ကျော်က ရှင်းလင်းဆွေးနွေးရာ တက်ရောက်လာသည့် သင်တန်းသား/သူများကလည်း ဝိုင်းဝန်းဆွေးနွေးခဲ့ကြပါသည်။
ထို့နောက် သင်တန်းသား/သူများသည် အရေးပေါ်အခြေအနေစီမံခန့်ခွဲမှုဗဟိုဌာန (EOC) အား လေ့လာကြည့်ရှုပြီး သိလိုသည်များ မေးမြန်းကြရာ တာဝန်ရှိသူ များက ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။
#ar
#npw_jul2018