အရေးပေါ်ထောက်ပံ့ပို့ဆောင်ရေးလက်တွေ့အသုံးချသင်တန်း (Pratical Emergency Logistics Training) ကျင်းပပြုလုပ်နေမှုသတင်း

01 Pic 01
(၁-၇-၂၀၁၈) ရက်(တနင်္ဂနွေနေ့)၊ (၀၉း၀၀)အချိန်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနနှင့် ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်(WFP)တို့ ပူးပေါင်း၍ အရေးပေါ်ထောက်ပံ့ပို့ဆောင်ရေးလက်တွေ့အသုံးချသင်တန်း(Pratical Emergency Logistics Training)ကို ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်ရှိ WFP Warehouse ၌ ဖွင့်လှစ်ခဲ့ရာ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသန်းထွဋ်ဆွေက အဖွင့်အမှာစကားပြောကြားပြီး WFP မှ Head of Supply Chain Management ဖြစ်သူ Mr. Jean Luc Kohler က သင်တန်း ဖွင့်လှစ်ရသည့်ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပါသည်။
အဆိုပါသင်တန်းဖွင့်ပွဲအခမ်းအနားသို့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတို့မှ အရာရှိကြီးများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် သင်တန်းသား/သူများ တက်ရောက်ကြပါသည်။
အရေးပေါ်ထောက်ပံ့ပို့ဆောင်ရေးလက်တွေ့အသုံးချသင်တန်း(Pratical Emergency Logistics Training)သို့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် WFP-Myanmar တို့မှ သင်တန်းသား/သူ စုစုပေါင်း(၃၀)ဦး တက်ရောက်ကြပြီး သင်တန်းကာလမှာ ဇူလိုင်လ(၁)ရက်နေ့မှ (၃)ရက်နေ့အထိ (၃)ရက်ကြာ စာတွေ့လက်တွေ့သင်ကြားပို့ချသွားမည် ဖြစ်ပါသည်။

#dydg_otr
#ygn_jul2018
Source – DDM ရန်ကုန်၊ ဇူလိုင် ၁

Sign Up

Upcoming Events