Author Archives: Department of Disaster Management

  • သဘာဝဘေးအန္တရာယ်လျော့ပါးရေး အသိပညာပေးဟောပြောမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁-၈-၂၀၁၈) ရက်နေ့၊ နေ့လယ် (၂) နာရီအချိန်တွင် ကျိုက်လတ်မြို့နယ်၊ အမှတ် (၅) ရပ်ကွက်၊ မီးကွင်‌းဘုရား၌ ကျိုက်လတ်မြို့နယ်မိခင်နှင်‌့က‌လေး‌စောင်‌့‌ရှောက် ရေးကြီးကြပ်မှုအဖွဲ့နှင်‌့ပူး‌ပေါင်‌း၍ သဘာဝ‌ဘေးအန္တရာယ်ကြိုတင်ကာကွယ်‌‌ရေး အသိပညာ‌ပေး‌ဟော‌ပြောပွဲ ကျင်‌းပခဲ့ပြီး လက်ကမ်‌းစာ‌စောင်များလည်‌းဖြန့်‌ဝေခဲ့ရာ ပြည်သူ (၁၀၀) ခန့်စိတ်ဝင်စားစွာ တက်‌‌ရောက်ခဲ့ကြောင်းသတင်းရရှိပါသည်။ #ar #ayy_july2018 Source:         ဖျာပုံခရိုင်ဦးစီးမှူးရုံး(ဘစမ)  

  • သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပမှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ မိုးမိတ်မြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် မိုးမိတ်ခရိုင် မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းဝင်များနှင့်အတူ (၁-၈-၂၀၁၈) ရက်နေ့၌ မိုးမိတ်မြို့နယ်၊ မကျည်းပင် ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းသား/ကျောင်းသူ (၁၀၀) ဦးခန့်အား နံနက် (၁၀:၃၀) နာရီမှ (၁၁:၃၀) နာရီထိ သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေး ဟောပြော ပွဲပြုလုပ်ခဲ့ပြီး လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။   Source: မိုးမိတ်မြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ar #shn_aug2018  

  • ရေဝင်ရောက်သော ကျေးရွာများအတွက် ရေသန့်ဆေးထုပ်များ ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် သရက်မြို့နယ်၌ နှစ်စဉ်ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် ရေဝင်ရောက်သောကျေးရွာ (၁၀) ရွာတို့အတွက် ရေသန့်ဆေး (၇၀၀၀) ထုပ်အား (၃၁-၇-၂၀၁၈) ရက်နေ့အချိန်တွင် သရက်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများရှေ့မှောက်တွင် သက်ဆိုင်ရာအုပ်ချုပ်ရေးမှူးများလက်ဝယ်သို့ လွှဲပြောင်းထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_fld #ayy_july2018 Source:         သရက်ခရိုင်ဦးစီးမှူးရုံး(ဘစမ)

  • ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ ရေဘေးထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၅-၇-၂၀၁၈)ရက်နေ့ ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်ရှိ ယွန်းစလင်းချောင်းနှင့် ကမမောင်းမြို့ရှိ သံလွင်မြစ်ရေမြင့်တက်မှုကြောင့် ဖာပွန်မြို့နယ်နှင့် ကမမောင်းမြို့တို့တွင် ကယ်ဆယ်ရေးစခန်း (၁၁)ခု ဖွင့်လှစ်၍ အိမ်ထောင်စု (၃၆၅)စု လူဦးရေ (၁၇၆၇)ဦးအတွက် ဆန်ရိက္ခာ (၇)ရက်စာ ထောက်ပံ့ငွေကျပ် (၃,၇၁၀,၇၀၀)အား (၃၀-၇-၂၀၁၈) ရက်နေ့တွင် ဖာပွန်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနသို့ လွှဲပြောင်း ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

  • ဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိများသည် မြောင်းမြမြို့နယ်၊ ညောင်ချောင်းပွေးစုကျေးရွာအုပ်စု၊ မဒေါ့ချောင်းကျေးရွာ၌ (၂၉-၇-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုကျနေအိမ် (၁) လုံး၊ လူဦးရေ (၈) ဦး ဘေးသင့်ခဲ့ရာ အဆိုပါဘေးသင့်နေအိမ် (၁) လုံးအတွက် ထောက်ပံ့ငွေ (၁၀၀,၀၀၀ိ/-) ကျပ်၊ လူဦးရေ (၈) ဦးအတွက် ဆန်ရိက္ခာဖိုး (၇) ရက်စာ (၁၆,၈၀၀ိ/-) ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၁၁၆,၈၀၀ိ/-) ကျပ်နှင့် အိမ်ထောင်စု (၁) စုအတွက် … Read more

  • သံလွင်မြစ်ရေမြင့်တက်လာမှုကြောင့် ယာယီပြောင်းရွှေ့ခဲ့ရသည့် ဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း

    ပြည်နယ်လွှတ်တော်ဦးထွန်းမင်းအောင်၊ လူမှုရေးဝန်ကြီးဒေါက်တာထိန်လင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူးတို့သည် ပေါင်မြို့နယ်၊ နတ်မှော်ကျေးရွာအုပ်စု၊ ကင်းရွာကျေးရွာ၌ (၃၀-၇-၂၀၁၈) ရက်နေ့တွင် သံလွင်မြစ်ရေမြင့်တက် လာမှုကြောင့် ယာယီပြောင်းရွေ့ခဲ့ရသည့် အိမ်ထောင်စု (၃၃) စု၊ လူဦးရေ (၂၁၀) ဦးတို့အတွက် ဆန်ရိက္ခာဖိုး (၇) ရက်စာ (၄၄၁,၀၀၀ိ/-) ကျပ်၊ ခေါက်ဆွဲခြောက် (၄၂၀) ထုပ်နှင့် ငါးသေတ္တာ (၉၉) ဘူးတို့အား (၃၁-၇-၂၀၁၈) ရက်နေ့တွင် ဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_fld #mon_july2018 … Read more

  • လေဘေးထောက်ပံ့မှုသတင်း

          (၂၃/၂၅-၇-၂၀၁၈)ရက်နေ့တို့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ဒေါ်ဖျာကျေးရွာ တွင် အိမ်ထောင်စု (၁၁) စု၊ ရန်ကုတ်ကျေးရွာရှိ အိမ်ထောင် စု (၁) စု၊ အမှတ်(၅) ကော့ကရိတ်ရှိ အိမ်ထောင်စု (၁) စု၊ အမှတ် (၅) ရပ်ကွက်၊ ရေလည်ကုန်း ကျေးရွာရှိ အိမ်ထောင်စု (၁) စု၊ စုစုပေါင်း အိမ်ထောင်စု (၁၄) စုအား ကယ်ဆယ်ရေး ပစ္စည်း (၁၁) မျိုးစီနှင့် အိမ်ဆောက်ပစ္စည်းတန်ဖိုး … Read more

  • လေပြင်းဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း

        (၃၀-၇-၂၀၁၈)ရက်နေ့၊ နံနက်(၇:၁၅) အချိန်၌ဖြစ်ပွားခဲ့သော ကော့သောင်းမြို့နယ်၊ ဘုရင့်နောင်ရပ်ကွက်တွင် ဖြစ်ပွားခဲ့သော လေပြင်းဘေးကြောင့်  အမိုးလန်အိမ်(၃)လုံးမှ အိမ်ထောင်စု (၅)စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုးစီကို(၃၀-၇-၂၀၁၈)ရက်နေ့ ညနေ (၄:၀၀)အချိန်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကော့သောင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများက  ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။ Source: ကော့သောင်းခရိုင်ဦးစီးမှူးရုံး (ဘစမ) ha_sgw #tny_jul2018

  • ရေဘေးသင့် ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း

          (၂၉-၇-၂၀၁၈)ရက်နေ့တွင်မိုးသည်းထန်းစွာရွာသွန်းမှုကြောင့် ရေကြီးမှုဖြစ်စဉ်ဖြစ်ပွားခဲ့ပြီး သထုံမြို့နယ်၊ဈေးမသွယ်ရှိ ရန်ကင်း ဘုန်းကြီးကျောင်းကယ်ဆယ်ရေးစခန်းတွင် အိမ်ထောင်စု(၅၀)စု၊ လူဦးရေ(၂၄၈) ဦးတို့အား (၇) ရက်စာဆန်ဖိုးငွေ (၅၂၀,၈၀၀) ကျပ်နှင့် သိမ်ဆိပ်ရပ်ကွက်ရှိ ငါးကြင်းအင်းဘုန်းကြီးကျောင်းကယ်ဆယ်ရေးစခန်းတွင် အိမ်ထောင်စု (၅၀) စု၊လူဦးရေ (၂၂၀) ဦးတို့အား (၇)ရက်စာ ဆန်ဖိုးငွေ(၄၆၂,၀၀၀) ကျပ် ၊ စုစုပေါင်း အိမ်ထောင်စု (၁၀၀) စု၊ လူဦးရေ (၄၆၈) ဦးတို့အား (၇) ရက်စာ ဆန်ဖိုးငွေ (၉၈၂,၈၀၀) ကျပ်တို့အား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် … Read more

Sign Up

Upcoming Events