ရေဘေးသင့် ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း

30_Pic_02

 

 

 

(၂၉-၇-၂၀၁၈)ရက်နေ့တွင်မိုးသည်းထန်းစွာရွာသွန်းမှုကြောင့် ရေကြီးမှုဖြစ်စဉ်ဖြစ်ပွားခဲ့ပြီး သထုံမြို့နယ်၊ဈေးမသွယ်ရှိ ရန်ကင်း ဘုန်းကြီးကျောင်းကယ်ဆယ်ရေးစခန်းတွင် အိမ်ထောင်စု(၅၀)စု၊ လူဦးရေ(၂၄၈) ဦးတို့အား (၇) ရက်စာဆန်ဖိုးငွေ (၅၂၀,၈၀၀) ကျပ်နှင့် သိမ်ဆိပ်ရပ်ကွက်ရှိ ငါးကြင်းအင်းဘုန်းကြီးကျောင်းကယ်ဆယ်ရေးစခန်းတွင် အိမ်ထောင်စု (၅၀) စု၊လူဦးရေ (၂၂၀) ဦးတို့အား (၇)ရက်စာ ဆန်ဖိုးငွေ(၄၆၂,၀၀၀) ကျပ် ၊ စုစုပေါင်း အိမ်ထောင်စု (၁၀၀) စု၊ လူဦးရေ (၄၆၈) ဦးတို့အား (၇) ရက်စာ ဆန်ဖိုးငွေ (၉၈၂,၈၀၀) ကျပ်တို့အား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများက (၃၀-၇-၂၀၁၈) ရက်နေ့တွင် ထောက်ပံ့ပေးခဲ့ ကြောင်း သိရှိရပါသည်။

Source: မွန်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)

#ha_fld

#mon_jul2018

Sign Up

Upcoming Events