Author Archives: Department of Disaster Management
-
လေဘေးထောက်ပံ့မှု သတင်း
လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မကွေးမြို့နယ်၊ မြင်ကွန်းကျေးရွာနှင့် မြေနုကျေးရွာတို့တွင် (၄-၁၁-၂၀၂၀) ရက်နေ့တွင် လေပြင်းတိုက်ခတ်မှုကြောင့် ပြိုကျအိမ်ခြေ(၁)လုံး၊ အမိုးလန်အိမ်ခြေ(၆)လုံး၊ အိမ်ထောင်စု(၇)စု၊ လူဦးရေ(၂၉) ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုး (၂၇၀၀၀၀)ကျပ်၊ လူဦးရေ(၂၉)ဦးအတွက် ဆန်ရိက္ခာဖိုးငွေ(၆၀၉၀၀)ကျပ်၊ စုစုပေါင်း(၃၃၀၉၀၀)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုး အိမ်ထောင်စု(၁)စုစာတို့အား ၅-၁၁-၂၀၂၀ ရက်နေ့ (၁၂:၃၀)နာရီအချိန်တွင် ဘေးသင့်ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_sgw #mgy_nov2020 Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)
-
Covid-19 ကူးစက်ရောဂါအသိပညာပေး ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၅-၁၁-၂၀၂၀)ရက်နေ့၊ (၁၁:၀၀)အချိန်မှ (၁၅:၃၀)အချိန်အထိ ဘားအံမြို့နယ်၊ နောင်ကမြိုင်ကျေးရွာ၊ ပေါ့ထော်ကျေးရွာ၊ ကော့ကူးကျေးရွာ၊ မိဇံကျေးရွာ၊ သာနှုံးကျေးရွာ၊ ကော့ထော်ကျေးရွာ၊ ရသဝေါ်ကျေးရွာများရှိ ပြည်သူများအား COVID-19 ကူးစက်မြန်ရောဂါ ပြန့်ပွားမှုများမဖြစ်ပွားစေရန်အတွက် သိရှိလိုက်နာရမည့် အချက်များအား လော်စပီကာဖြင့် အသိပညာပေးဆောင်ရွက်ခဲ့ပြီး Mask များလည်း ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #krn_nov2020 Source: ကရင်ပြည်နယ်ဦးစီးမှူးရုံး(ဘစမ)
-
Covid-19 ကူးစက်ရောဂါနှင့် သဘာဝဘေးအသိပညာပေး ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ ကျိုက်ထိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၅-၁၁-၂၀၂၀)ရက်နေ့၊ (၁၃:၃၀)အချိန်မှ (၁၆:၀၀)အချိန်ထိ မွန်ပြည်နယ်၊ သထုံခရိုင်၊ ကျိုက်ထိုမြို့နယ်၊ ကော့ထင်းကျေးရွာနှင့် ဘိုရားကြီးကျေးရွာတို့တွင် Covid-19ရောဂါ ကူးစက်ပျံ့နှံ့မှုများမဖြစ်ပွားစေရေးနှင့် သဘာဝဘေးအန္တရာယ်များ ကြိုတင်ပြင်ဆင်ရေး အသိပညာပေးခြင်းလုပ်ငန်းအား အသံချဲ့စက်ဖြင့် လိုက်လံအသိပေးကြေညာခဲ့ပြီး သဘာဝဘေးအသိပညာပေးဗီနိုင်းပိုစတာများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #mon_nov2020 Source: ကျိုက်ထိုမြို့နယ်ဦးစီးမှူးရုံး(ဘစမ)
-
Covid-19 အသိပညာပေး ဆိုင်းဘုတ်စိုက်ထူခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြဝတီခရိုင်ဦးစီးမှူးရုံးမှ (၅-၁၁-၂၀၂၀)ရက်နေ့တွင် ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနနှင့် ခရိုင်ပြန်ကြားရေးနှင့် ပြန်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ အမှတ် (၅)ရပ်ကွက်၊ မြို့ပတ်(၁)လမ်းနှင့် အောင်ဇေယျလမ်းထောင့်၊ အမှတ် (၅)ရပ်ကွက်၊ အောင်ဇေယျလမ်းနှင့် ဗိုလ်ချုပ်လမ်းထောင့်၊ အမှတ်(၂)ရပ်ကွက်၊ မြို့ပတ်လမ်းဆုံနှင့် ပေါင်းစည်းခြင်းလမ်းထိပ်တို့တွင် Covid-19အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါနှင့်ပတ်သက်၍ အများပြည်သူများသိရှိလိုက်နာရန်အချက်များပါဝင်သော မြန်မာဘာသာနှင့် ကရင်ဘာသာနှစ်မျိုးနှင့် ရိုက်နှိပ်ထားသော အသိပညာပေး ဆိုင်းဘုတ် (၃)ခုအား စိုက်ထူခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #krn_nov2020 Source: မြဝတီခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
ကမ်းပြိုဘေး ကြိုတင်ပြောင်းရွှေ့ ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဝါးခယ်မမြို့နယ်ဦးစီးမှူးရုံးမှ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ တံခွန်တိုင်ကျေးရွာအုပ်စု၊ ပိုက်တန်းကျေးရွာနှင့် ဟင်္သာဒုံးကျေးရွာအုပ်စု၊ ဟင်္သာဒုံးကျေးရွာတို့တွင် (၃.၁၁.၂၀၂၀)ရက်နေ့၌ ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ကြိုတင်ပြောင်းရွှေ့နေအိမ် (၅) လုံး၊ အိမ်ထာင်စု (၅)စုမှ လူဦးရေ(၁၉)ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းရန်ပုံငွေ(၅၀၀၀၀ဝိ/-)၊ ဆန်ရိက္ခာရန်ပုံငွေ (၃၉၉၀ဝိ/-)၊ စုစုပေါင်းရန်ပုံငွေ (၅၃၉၉၀ဝိ/-) အား(၅-၁၁-၂၀၂၀) ရက်နေ့၊ (၁၃:၀၀)နာရီအချိန်တွင် ဝါးခယ်မမြို့နယ်၊ ရွှေလောင်းမြို့၊ အုပ်ချုပ်ရေးမှူးရုံးတွင် ဘေးသင့်ပြည်သူများထံ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_rbe #ayy_nov2020 Source: ဝါးခယ်မမြို့နယ်ဦးစီးမှူးရုံး(ဘစမ)
-
ကမ်းပြိုဘေး ကြိုတင်ပြောင်းရွှေ့ ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဝါးခယ်မမြို့နယ်ဦးစီးမှူးရုံးမှ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ တံခွန်တိုင်ကျေးရွာအုပ်စု၊ ပိုက်တန်းကျေးရွာတွင် (၂၉.၁၀.၂၀၂၀)ရက်နေ့၌ ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ကြိုတင်ပြောင်းရွှေ့နေအိမ် (၇) လုံး၊ အိမ်ထာင်စု (၇)စုမှ လူဦးရေ(၃၆)ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းရန်ပုံငွေ(၇၀၀၀၀ဝိ/-)၊ ဆန်ရိက္ခာရန်ပုံငွေ (၇၅၆၀ဝိ/-)၊ စုစုပေါင်းရန်ပုံငွေ (၇၇၅၆၀ဝိ/-) အား(၅-၁၁-၂၀၂၀) ရက်နေ့၊ (၁၃:၀၀)နာရီအချိန်တွင် ဝါးခယ်မမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် ဘေးသင့်ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_rbe #ayy_nov2020 Source: ဝါးခယ်မမြို့နယ်ဦးစီးမှူးရုံး(ဘစမ)
-
လေဘေးသင့် ပြည်သူများအား ထောက်ပံ့ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဝါးခယ်မြို့နယ်ဦးစီးမှူးရုံးမှ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ တုံးလှဲချောင်းကျေးရွာအုပ်စု၊ တုံးလှဲချောင်းကျေးရွာတွင် (၃၁.၁၀.၂၀၂၀)ရက်နေ့၌ ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုကျပျက်စီးနေအိမ်(၁)လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၇)မျိုး အိမ်ထောင်စု (၁)စုစာ(၃၄၈၅၃)၊ အိမ်ဆောက်ပစ္စည်းရန်ပုံငွေ (၁၀၀၀၀၀ိ/-)၊ တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ် (၁) လုံး၊ အိမ်ဆေက်ပစ္စည်းရန်ပုံငွေ (၇၀၀၀၀ိ/-)၊ စုစုပေါင်းအိမ်ထာင်စု (၃)စုမှ လူဦးရေ(၁၄)ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းရန်ပုံငွေ(၁၇၀၀၀ဝိ/-)၊ ဆန်ရိက္ခာရန်ပုံငွေ (၂၉၄၀ဝိ/-)၊ စုစုပေါင်းရန်ပုံငွေ (၁၉၉၄၀ဝိ/-) အား (၅-၁၁-၂၀၂၀) ရက်နေ့၊ (၁၄:၀၀)နာရီအချိန်တွင် ဝါးခယ်မမြို့နယ်၊ ရွှေလောင်းမြို့အုပ်ချုပ်ရေးမှူးရုံးတွင် ဘေးသင့်ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ … Read more
-
မိုးကြိုးဘေးသင့် ထောက်ပံ့ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ စလင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် စလင်းမြို့နယ်၊ ပေါက်လေးပင်ကျေးရွာအုပ်စု၊ လက်ပံဦးကျေးရွာ၌ (၄-၁၁-၂၀၂၀)ရက်နေ့တွင် ဖြစ်ပွားခဲ့သော မိုးကြိုးဘေးကြောင့် သေဆုံးသူ(၁)ဦးအတွက် ထောက်ပံ့ငွေ (၃၀၀၀၀၀)ကျပ်အား (၅-၁၁-၂၀၂၀)ရက်နေ့ (၁၅:၃၀)အချိန်တွင် အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူများနှင့်အတူ ကျန်ရစ်သူမိသားစုထံသို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_tls #mgy_nov2020 Source: စလင်းမြို့နယ်ဦးစီးမှူးရုံး(ဘစမ)
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေး ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၊ မြို့မရပ်ကွက်၊ အဝါရောင်မျိုးဆက်သစ်လူငယ် ပရဟိတအသင်း(YGW ) ဘုန်းတော်ကြီးစာသင်ကျောင်း၌ (၅-၁၁-၂၀၂၀)ရက်နေ့ (၁၃း၀၀)နာရီအချိန် မှ(၁၄း၃၀)နာရီအချိန်ထိ သဘာဝဘေးအန္တရာယ်နှင့်စပ်လျဉ်း၍ ဆောင်ရန်/ရှောင်ရန်များအား ကျောင်းသား/သူ(၃၀)ဦးဖြင့် အသိပညာပေးဟောပြောခြင်း၊ ပိုစတာများ၊ ဗီနိုင်းများ၊ ငလျင်ရုပ်ပြစာအုပ်များ၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်းနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဇာတ်လမ်းတိုများ ပြသခြင်းများဆောင်ရွက်ခဲ့ပြီး ကျောင်းရှိကျောင်းသား/သူ(၂၀၀)ဦးအတွက် surgical mask (၅)ဗူး၊ မုန့်ထုပ်(၂၀၀)တို့ဖြင့် ဝေငှခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #bgo_nov2020 Source: မိုးညိုမြို့နယ်ဦးစီးမှူးရုံး(ဘစမ)
-
မီးဘေးသင့်ပြည်သူများအား ထောက်ပံ့ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လွိုင်လင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်(၃၁-၁၀-၂၀၂၀)ရက်နေ့တွင် လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်၊ စုံလော ကျေးရွာအုပ်စု၊ နမ့်မော်ကျေးရွာ၌ မီးလောင်မှုဖြစ်ပွားခဲ့ရာ လောင်ကျွမ်းပျက်စီးခဲ့သည့် အိမ်ခြေ(၃)လုံး၊ အိမ်ထောင် စု(၃)စုအတွက်တစ်အိမ်ထောင်လျှင် ကယ်ဆယ်ရေးပစ္စည်း(၂၂)မျိုးနှင့် အိမ်ခြေ(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ကျပ်(၁၀၀ဝဝဝ/-)ဖြင့် အိမ်ခြေ (၃)လုံးအတွက် ကျပ်(၃၀၀၀၀၀/-)၊ဘေးသင့် လူဦးရေ (၁၂)ဦးအတွက် ဆန်ရိက္ခာဖိုး(၇) ရက်စာကျပ်(၂၉၄၀၀/-)၊ စုစုပေါင်း ထောက်ပံ့ငွေ ကျပ်(၃၂၉၄၀၀-/)အား(၅-၁၁-၂၀၂၀)ရက်နေ့၊ နံနက် (၁ဝး၃၀)အချိန်တွင်မိုင်းကိုင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်အတူဘေး သင့်ပြည်သူထံသို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_fir #shn_nov2020 Source: လွိုင်လင်ခရိုင်ဦးစီးမှူးရုံး(ဘစမ)
