သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာ‌ပေး ဆောင်ရွက်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၊ မြို့မရပ်ကွက်၊ အဝါရောင်မျိုးဆက်သစ်လူငယ် ပရဟိတအသင်း(YGW ) ဘုန်းတော်ကြီးစာသင်ကျောင်း၌ (၅-၁၁-၂၀၂၀)ရက်နေ့ (၁၃း၀၀)နာရီအချိန် မှ(၁၄း၃၀)နာရီအချိန်ထိ သဘာဝဘေးအန္တရာယ်နှင့်စပ်လျဉ်း၍ ဆောင်ရန်/ရှောင်ရန်များအား ကျောင်းသား/သူ(၃၀)ဦးဖြင့် အသိပညာပေးဟောပြောခြင်း၊ ပိုစတာများ၊ ဗီနိုင်းများ၊ ငလျင်ရုပ်ပြစာအုပ်များ၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်းနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဇာတ်လမ်းတိုများ ပြသခြင်းများဆောင်ရွက်ခဲ့ပြီး ကျောင်းရှိကျောင်းသား/သူ(၂၀၀)ဦးအတွက် surgical mask (၅)ဗူး၊ မုန့်ထုပ်(၂၀၀)တို့ဖြင့် ဝေငှခဲ့ပါကြောင်း သတင်းရရှိပါသည်။

 

#ar

#bgo_nov2020

Source:             မိုးညိုမြို့နယ်ဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events