လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ စလင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် စလင်းမြို့နယ်၊ ပေါက်လေးပင်ကျေးရွာအုပ်စု၊ လက်ပံဦးကျေးရွာ၌ (၄-၁၁-၂၀၂၀)ရက်နေ့တွင် ဖြစ်ပွားခဲ့သော မိုးကြိုးဘေးကြောင့် သေဆုံးသူ(၁)ဦးအတွက် ထောက်ပံ့ငွေ (၃၀၀၀၀၀)ကျပ်အား (၅-၁၁-၂၀၂၀)ရက်နေ့ (၁၅:၃၀)အချိန်တွင် အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူများနှင့်အတူ ကျန်ရစ်သူမိသားစုထံသို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_tls
#mgy_nov2020
Source: စလင်းမြို့နယ်ဦးစီးမှူးရုံး(ဘစမ)