မီးဘေးသင့်ပြည်သူများအား ထောက်ပံ့ခြင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လွိုင်လင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်(၃၁-၁၀-၂၀၂၀)ရက်နေ့တွင် လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်၊ စုံလော ကျေးရွာအုပ်စု၊ နမ့်​မော်ကျေးရွာ၌ မီးလောင်မှုဖြစ်ပွားခဲ့ရာ ​လောင်ကျွမ်းပျက်စီးခဲ့သည့် အိမ်ခြေ(၃)လုံး၊ အိမ်ထောင် စု(၃)စုအတွက်တစ်အိမ်ထောင်လျှင် ကယ်ဆယ်ရေးပစ္စည်း(၂၂)မျိုးနှင့် အိမ်ခြေ(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ကျပ်(၁၀၀ဝဝဝ/-)ဖြင့် အိမ်ခြေ (၃)လုံးအတွက် ကျပ်(၃၀၀၀၀၀/-)၊ဘေးသင့် လူဦးရေ (၁၂)ဦးအတွက် ဆန်ရိက္ခာဖိုး(၇) ရက်စာကျပ်(၂၉၄၀၀/-)၊ စုစုပေါင်း ထောက်ပံ့ငွေ ကျပ်(၃၂၉၄၀၀-/)အား(၅-၁၁-၂၀၂၀)ရက်နေ့၊ နံနက် (၁ဝး၃၀)အချိန်တွင်မိုင်းကိုင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်အတူဘေး သင့်ပြည်သူထံသို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

#ha_fir

#shn_nov2020

Source:             လွိုင်လင်ခရိုင်ဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events