Author Archives: Department of Disaster Management
-
ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ မြို့နယ်အဆင့် သဘာဝဘေးစီမံခန့်ခွဲမှုသင်တန်းဖွင့်လှစ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၉-၈-၂၀၁၈) ရက်နေ့တွင် မိုးမိတ်မြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် မြို့နယ်အဆင့် သဘာဝ ဘေးစီမံခန့်ခွဲမှုကော်တီဝင်များ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများနှင့် ရပ်/ကျေးစာရေးများ စုစုပေါင်း သင်တန်းသား/သူ (၈၀) ဦးတို့ဖြင့်မြို့နယ်အဆင့် သဘာဝဘေးစီမံခန်ခွဲမှုသင်တန်း ဒုတိယရက်အဖြစ် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာသင်ခန်းစာများ ဆွေးနွေးပို့ချပြီး သင်တန်းသား/သူများမှလည်း ပြန်လည်ဆွေးနွေးခဲ့ပါကြောင်းသတင်းရရှိပါသည်။
-
ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ သဘာဝဘေးလျော့ပါးရေး အသိပညာပေးဟောပြောမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၈-၈-၂၀၁၈) ရက်နေ့၊ နေ့လည် (၁၂ဝ၀) နာရီအချိန်ခန့်တွင် ဇလွန်မြို့နယ်၊ ပျဉ်းမကုန်းအုပ်စု၊ ပျဉ်းမကုန်းအရှေ့ ကျေးရွာ၌ သဘာဝဘေးလျော့ပါးရေး အသိပညာပေးဟောပြောပွဲအား ပြုလုပ်ခဲ့ရာ ပျဉ်းမကုန်းအုပ်စုနှင့် စွန်ပိအုပ်စုတို့မှ ပြည်သူ (၁၅၀)ဦးတက်ရောက်ခဲ့ပြီး တက်ရောက်လာသူများအား သဘာဝဘေးအသိပညာပေးလက်ကမ်းစာစောင်များဝေငှခဲ့ပြီး ကျေးရွာရှိလူစည်ကားရာနေရာများ၌ အများပြည်သူကြည့်ရှုနိုင်ရန် သဘာဝဘေးအသိပညာပေးဗွီနိုင်းပိုစတာများကို ကျေးရွာအုပ်ချုပ်ရေးမှူးများထံသို့ ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
-
ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ ဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၂-၇-၂၀၁၈)ရက်နေ့မှစ၍ ကရင်ပြည်နယ်အတွင်း မြို့နယ်(၆) မြို့နယ်၌ မြစ်ရေမြင့်တက်မှုကြောင့် မြို့နယ်များတွင် ကယ်ဆယ်ရေးစခန်းများဖွင့်လှစ်၍ အိမ်ထောင်စု (၉၆၅၃)စု၊ လူဦးရေ(၄၈၈၃၄)ဦးတို့အား ပြောင်းရွှေ့နေရာချထားပေးခဲ့ရာ အဆိုပါ ရေဘေးသင့်ပြည်သူများ ရေကျ၍ ၎င်းတို့နေထိုင်ရာနေရပ်သို့ ပြန်လည်နေထိုင်ချိန်တွင် လိုအပ်မည့် ဆန်ရိက္ခာ(၇) ရက်စာကျသင့်ငွေ (၁၀၂,၅၅၁,၄၀၀) အား (၂၈-၈-၂၀၁၈) ရက်နေ့တွင် ရေဘေးသင့်ပြည်သူများအတွက် ကရင်ပြည်နယ်အစိုးရအဖွဲ့ရုံးသို့ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
-
မြို့နယ်အဆင့် သဘာဝဘေးစီမံခန်ခွဲမှုသင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မိုးမိတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးအစည်းအဝေးခန်းမ၌ (၂၈-၈-၂၀၁၈) ရက်နေ့၊ နံနက်ပိုင်းတွင် မြို့နယ်အဆင့် သဘာဝဘေးစီမံခန်ခွဲမှု သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပ ပြုလုပ်ခဲ့ရာ မိုးမိတ်ခရိုင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်အုပ်ချုပ်ရေးမှူးဦးလှိုင်ထွန်းမှ အဖွင့်အမှာစကား ပြောကြားခြင်း၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစီးအရာရှိက သင်တန်းဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခြင်းများဆောင်ရွက်ခဲ့ပါသည်။ အဆိုပါသင်တန်းဖွင့်ပွဲအခမ်းအနား၌ သင်တန်းသား/သူ (၈၀) ဦးတက်ရောက်ခဲ့ပြီး တာဝန်ရှိသူများက သင်ခန်းစာ များ ဆွေးနွေးဟောပြောခဲ့ကာ တက်ရောက်လာသူများနှင့် အမှတ်တရစုပေါင်းဓါတ်ပုံရိုက်ကူးခဲ့ပြီး သင်တန်း ကာလမှာ (၂) ရက်ဖြစ်ကြောင်း … Read more
-
မြိတ်ခရိုင်ဦးစီးမှူးရုံးမှ ဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၇-၈-၂၀၁၈)ရက်နေ့ မြိတ်မြို့၊ မြိတ်တောင်ရပ်ကွက်၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြေပြိုမှုဖြစ်ပွားခဲ့ရာ ပြိုကျအိမ်ခြေ (၁)လုံး၊ အိမ်ထောင်စု (၁)စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၅) မျိုး (တစ်အိမ်ထောင်စာ)၊ လူဦးရေ (၂)ဦး အတွက် ဆန်ရိက္ခာတန်ဖိုးငွေကျပ် (၄,၂၀၀)နှင့် ပြောင်းရွှေ့အိမ်ခြေ (၁) လုံးမှ လူဦးရေ (၇)ဦးအတွက်ဆန်ရိက္ခာတန်ဖိုးငွေကျပ် (၁၄,၇၀၀)တို့အား (၂၇-၈-၂၀၁၈) ရက်နေ့ (၁၆၁၅)အချိန်တွင် သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။
-
ဘိုကလေးမြို့နယ်အတွင်း ကွင်းဆင်းဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ဘိုကလေးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၆-၈-၂၀၁၈) ရက်နေ့တွင် ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများနှင့် ဂျပန်နိုင်ငံ Kobe တက္ကသိုလ်၌ သဘာဝဘေးစီမံခန့်ခွဲမှု ဘာသာရပ်အထူးပြုမဟာဘွဲ့ တက်ရောက်နေသော ဒေါ်ခိုင်မွန်မွန်အိနှင့်အတူ ဘိုကလေးမြို့နယ် သဘာဝဘေးအန္တရယ်စီမံခန့်ခွဲမှုကော်မတီ အဖွဲ့ဝင်များ၊ သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်းလူငယ်အဖွဲ့ဝင် များနှင့်တွေ့ဆုံကာ သဘာဝဘေးနှင့် ပတ်သက်၍ အသိပညာဗဟုသုတဆန်းစစ်ချက်များ၊ ဘိုကလေးမြို့နယ်အတွင်း သဘာဝဘေးအန္တရာယ်နှင့် ပတ်သက်၍ ရင်ဆိုင်လှုပ်ရှားနေမှုအခြေအနေများကိုလည်း လေ့လာမေးမြန်းစစ်တမ်းကောက်ယူလေ့လာခဲ့ရာ (၂၀)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။ … Read more
-
ဖျာပုံမြို့နယ်အတွင်း ကွင်းဆင်းဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင် ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည(၂၅-၈-၂၀၁၈) ရက်နေ့တွင် Kobe တက္ကသိုလ်တွင် သဘာဝဘေးစီမံခန့်ခွဲမှု ဘာသာရပ် အထူးပြု မဟာဘွဲ့တက်ရောက်နေသော ဒေါ်ခိုင်မွန်မွန်အိနှင့်အတူ ဖျာပုံမြို့နယ် ဒေါ်ညိမ်းကျေးရွာအုပ်စုနှင့်မြို့ကုန်းကျေးရွာ အုပ်စုသို့ကွင်းဆင်းသွားရောက်လေ့လာ၍ ကျေးရွာသူရွာသား (၁၉၀) ဦး သဘာဝဘေးနှင့်ပတ်သက်၍ အသိပညာ ဗဟုသုတ ဆန်းစစ်ချက် စစ်တမ်းကောက်ယူခဲ့ပါသည်။ ဆက်လက်၍ မုန်တိုင်းနှင့် ဆူနာမီဘေးအသိပညာပေးလည်း ဟောပြောခဲ့ ကြောင်း သိရှိရပါသည်။ Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ဘစမ) #ayy_aug2018
-
မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးကို နိုင်ငံတော်က အလေးထားဆောင်ရွက်လျက် ရှိကြောင်း ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးပြောကြား
သြဂုတ်၂၅၊ ပြည် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ပြည်ခရိုင်၊ ဝက်ထီးကန်မြို့ရှိ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးဗဟိုအဖွဲ့၏ ရွှေပြည်သာ လူငယ်များပြုစု ပျိုးထောင်ရေးစခန်းသို့ ရောက်ရှိရာ စခန်းတာဝန်ခံအရာရှိ ယာယီဒုတိယ ရဲမှူးကြီးသန်းအောင်က စခန်း၏ဖွဲ့စည်းပုံ၊ နောက်ခံသမိုင်း၊ စခန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်နှင့် လက်ရှိလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများ၊ မူးယစ် ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများ၊ စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ မြင့်မား တိုးတက်လာစေရန်အတွက် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ ပုံမှန်ကိုယ်ကာယကြံ့ခိုင်မှု လေ့ကျင့်သင်ကြား ပေးခြင်း၊ … Read more
-
လေဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း
(၂၀-၈-၂၀၁၈)ရက်နေ့(၂၂း၃၀)နာရီအချိန်ခန့်တွင် သံဖြူဇရပ်မြို့၊ ကြံခိုင်ရေးရပ်ကွက်တွင် လေပြင်းတိုက်ခတ်မှုဖြစ်ပွား ခဲ့ပြီး အဆိုပါလေဘေးတွင်အမိုးလန်ပျက်စီးခဲ့သည့် နေအိမ်(၂၂)လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၁)မျိုး(၂၂) အိမ်ထောင်စာ ဘေးသင့်လူဦးရေ(၁၀၂)ဦးအတွက် (၇) ရက်စာဆန်ဖိုးငွေ(၂၁၄,၂၀၀) ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၅၈၀,၅၀၀) ကျပ်၊ စုစုပေါင်းငွေ(၇၉၄,၇၀၀)ကျပ်တို့အား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သံဖြူဇရပ်မြို့နယ်ဦးစီးမှူးရုံးမှ (၂၃-၈-၂၀၁၈) ရက်နေ့တွင် ထောက်ပံ့ပေး ခဲ့ကြောင်း သိရှိရပါသည်။ Source: သံဖြူဇရပ်မြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ha_sgw #mon_aug2018
-
လေဘေးအတွက် ထောက်ပံ့ပြီးစီးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ညောင်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၂-၈-၂၀၁၈)ရက်နေ့ (၂၂:၀၀) နာရီအချိန်တွင် ကျောက်ပန်းတောင်မြို့နယ် ညောင်တိုကျေးရွာအုပ်စု ညောင်တိုအရှေ့ကျေးရွာတွင် လေပြင်း တိုက်ခိုက် မှုကြောင့် မန်ကျည်းပင်ပြိုလဲ၍ နေအိမ် (၁) လုံး ပျက်စီးသွားပါသဖြင့် အိမ်ထောင်စု( ၁) စု၊ လူဦးရေ (၂)ဦး အတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုး( ၁)ပုံး၊ ဆန်ရိက္ခာ၇ရက်စာ (၄၂၀၀)ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုး (၁၀၀,၀၀၀) ကျပ် ၊ စုစုပေါင်းရန်ပုံငွေ (၁၀၄,၂၀၀)ကျပ်အား (၂၄-၈-၂၀၁၈)ရက်နေ့တွင် ကျေးရွာအုပ်ချုပ်ရေးမှူး ရပ်ကျေးစာရေးနှင့်အတူ … Read more
