လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၇-၈-၂၀၁၈)ရက်နေ့ မြိတ်မြို့၊ မြိတ်တောင်ရပ်ကွက်၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြေပြိုမှုဖြစ်ပွားခဲ့ရာ ပြိုကျအိမ်ခြေ (၁)လုံး၊ အိမ်ထောင်စု (၁)စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၅) မျိုး (တစ်အိမ်ထောင်စာ)၊ လူဦးရေ (၂)ဦး အတွက် ဆန်ရိက္ခာတန်ဖိုးငွေကျပ် (၄,၂၀၀)နှင့် ပြောင်းရွှေ့အိမ်ခြေ (၁) လုံးမှ လူဦးရေ (၇)ဦးအတွက်ဆန်ရိက္ခာတန်ဖိုးငွေကျပ် (၁၄,၇၀၀)တို့အား (၂၇-၈-၂၀၁၈) ရက်နေ့ (၁၆၁၅)အချိန်တွင် သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။