Author Archives: Department of Disaster Management
-
သဘာဝဘေးအန္တရာယ်နှင့်စပ်လျဉ်း၍ ဆောင်ရန်/ရှောင်ရန်များအား အသိပညာပေးဟောပြောခြင်း၊ လက်ကမ်း စာစောင်များဖြန့်ဝေခြင်း၊ ဘေးအန္တရာယ်ဆိုင်ရာ နံရံကပ်ပိုစတာများ ပေးအပ်ခြင်းတို့ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မိုးညိုမြို့နယ်၊ ညောင်လေးပင်ကျေးရွာအုပ်စု၊ ညောင်လေးပင် ကျေးရွာ၊ ဓမ္မရောင်ခြည်ကျောင်းတိုက်၌ (၂၇-၁၁-၂၀၁၈) ရက်နေ့၊ (၁၂း၀၀) နာရီအချိန်မှ (၁၃း၀၀) နာရီအချိန်ထိ သဘာဝဘေးအန္တရာယ်နှင့်စပ်လျဉ်း၍ ဆောင်ရန်/ ရှောင်ရန်များအား အသိပညာပေးဟောပြောခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ ဘေးအန္တရာယ်ဆိုင်ရာ နံရံကပ်ပိုစတာများ ပေးအပ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ရာ ကျေးရွာသူ/သား (၁၅၀) ဦးခန့် တက်ရောက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မိုးညိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ar #bgo_nov2018
-
“သဘာဝဘေးစီမံခန့်ခွဲမှုအခြေခံသင်တန်း” ဖွင့်ပွဲအခမ်းအနား ကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကသာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကသာခရိုင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏ ကြီးကြပ်မှုဖြင့် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့၊ ကြိုက်ခန်းမ၌ မြန်မာသဘာဝဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်ပြင်ဆင်ရေးမိတ်ဖက်အဖွဲ့၊ Myanmar Preparedness Partnership (MPP) ၏ ကသာခရိုင်အတွင်းလုပ်ငန်းစဉ်ပထမနေ့အဖြစ် (၂၆-၁၁-၂၀၁၈) ရက်နေ့တွင် “သဘာဝဘေးစီမံခန့်ခွဲမှုအခြေခံသင်တန်း” ဖွင့်ပွဲအား ကျင်းပပြုလုပ်ခဲ့ပြီး သင်တန်းသား/သူ (၃၀) ဦးတက်ရောက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ကသာခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #sgg_nov2018
-
သဘာဝဘေးလျော့ပါးရေး အသိပညာပေးဟောပြောပွဲကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ကလေးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်၊ ပြင်သာကျေးရွာအုပ်စု၊ ပြင်သာရွာ စိတ္တသုခကျောင်း၌ (၂၆-၁၁-၂၀၁၈) ရက်နေ့၊ (၁) နာရီမှ (၂:၃၀) နာရီအချိန်အထိ သဘာဝဘေးလျော့ပါးရေးအသိပညာပေးဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့ရာ ကျေးရွာသူ ကျေးရွာသားစုစုပေါင်း (၁၀၀) ဦးခန့်ဦးတက်ရောက်ခဲ့ပြီး တက်ရောက်လာသူများအား လက်ကမ်းစာစောင်ဖြန့်ဝေပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #sgg_nov2018 Source: ကလေးခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဘောလခဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဖားဆောင်းမြို့နယ်၊ မော်ချီးကျေးရွာ၌ (၂၅-၁၁-၂၀၁၈) ရက်နေ့၊ နံနက်ပိုင်းတွင် ရပ်ရွာပြည်သူ (၁၂၀) ဦးအားလည်းကောင်း၊ ညနေပိုင်းတွင် နန်းကစ်ကျေးရွာရှိ ရပ်ရွာပြည်သူ (၈၀) ဦးအားလည်းကောင်း သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောခြင်းများ ဆောင်ရွက်ခဲ့ပြီး တက်ရောက်လာသူများအား လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ ပါကြောင်း သတင်းရရှိပါသည်။ Source: ဘောလခဲခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #kyh_nov2018
-
စေတနာ့ဝန်ထမ်းလူငယ် (ဆင့်ပွား) သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဗန်းမော်ခရိုင်၊ မံစီမြို့၊ မံစီမြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ အစည်းဝေးခမ်းမ၌ (၂၆-၁၁-၂၀၁၈) ရက်နေ့၊ နံနက် (၉း၀၀) နာရီအချိန်တွင် သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်းလူငယ် (ဆင့်ပွား) သင်တန်းဖွင့်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ရာ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်၊ ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ သင်တန်းသား/သူ (၃၀) ဦး တို့တက်ရောက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ဗန်းမော်ခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #kcn_nov2018
-
သဘာဝဘေးလျော့ပါးရေး အသိပညာပေးဟောပြောပွဲ ကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံမြို့နယ်၊ ဒေါ်ညိမ်းကျေးရွာအုပ်စု၊ ပက်ပြဲကျေးရွာရှိ (အ.လ.က) စာသင်ကျောင်း၌ (၂၆-၁၁-၂၀၁၈) ရက်နေ့၊ (၁၀း၀၀) နာရီမှ (၁၂း၀၀) နာရီအချိန် အထိ သဘာဝဘေးလျော့ပါးရေး အသိပညာပေးဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့ရာ ကျောင်းသား/သူ၊ ဆရာ/ဆရာမ၊ စုစုပေါင်း (၅၀၀) ဦးတက်ရောက်ခဲ့ပြီး တက်ရောက်လာသူများအား လက်ကမ်းစာစောင်နှင့် နံရံကပ်ပိုစတာများ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #ayy_nov2018
-
မြောင်းမြမြို့နယ်၌ သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်းလူငယ် (ဆင့်ပွား) သင်တန်းအမှတ်စဉ် (၁/၂၀၁၈) သင်တန်း ဖွင့်လှစ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်ရှိ မိခင်နှင့်ကလေးစောင့်ရှောက် ရေးခန်းမ၌ သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်းလူငယ် (ဆင့်ပွား) သင်တန်းအမှတ်စဉ် (၁/၂၀၁၈) သင်တန်းအား ဖွင့်လှစ်သင်ကြားမည်ဖြစ်ရာ အဆိုပါသင်တန်းကို (၂၆-၁၁-၂၀၁၈) ရက်နေ့မှ (၂၈-၁၁-၂၀၁၈) ရက်နေ့အထိ သင်တန်းသား/သူ (၃၀) ဦးဖြင့် ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။ Source: မြောင်းမြခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #ayy_nov2018
-
လေဘေးသင့်ပြည်သူများအား ထောက်ပံ့ခြင်းနှင့် ဆရာ၊ ကျောင်းသား/သူများအတွက် အသက်ကယ်အင်္ကျီများ ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ သကျက်အုပ်စု၊ ကွင်းသစ်ကျေးရွာတို့၌ (၂၀-၁၁-၂၀၁၈) ရက်နေ့တွင်ဖြစ်ပွားခဲ့သော လေဘေးကြောင့် ဘေးသင့်ပြည်သူများအတွက် ကယ်ဆယ်ရေး ပစ္စည်း (၁၅) မျိုး (၁) အိမ်ထောင်စုစာ၊ လူဦးရေ (၅) ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၁၀,၅၀၀/-) ကျပ်နှင့် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀,၀၀၀/-) ကျပ်အားလည်းကောင်း၊သကျက်အုပ်စု၊ ဆင်ခေါင်းကျေးရွာမှ တောင်းခံထားသည့် ဆရာ (၁) ဦးနှင့် ကျောင်းသား/သူ (၁၅) ဦးတို့အတွက် အသက်ကယ်အင်္ကျီ (၁၆) … Read more
-
ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ ရေဘေးသင့်ပြည်သူများအတွက် ဆိုလာမီးအိမ်ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ရေဘေးသင့် ပြည်သူများအတွက် AHA Centreမှ လှူဒါန်းသော ဆိုလာမီးအိမ်(၃၀၀၀)လုံးအနက်မှ ကဝမြို့နယ်အတွင်းရှိ ရေဘေးသင့်ပြည်သူများအတွက် ဆိုလာမီးအိမ်(၁၀၀)လုံးအား (၂၀-၁၁-၂၀၁၈)ရက်နေ့တွင် သွားရောက်ထောက်ပံ့ခဲ့ကြောင်းသတင်းရရှိပါသည်။
-
ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ ကမ်းပြိုဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သက္ကယ်တန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့်အတူ (၁၈-၁၁-၂၀၁၈)နေ့က အင်္ဂပူမြို့နယ်၊ သက္ကယ်တန်းကျေးရွာအုပ်စု၊ ရွှေဝါထွန်းကျေးရွာတွင်ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ရသော အိမ်ခြေ(၁၂)လုံး၊ အိမ်ထောင်စု (၁၂)စုမှ လူဦးရေ (၃၆) ဦးတို့အတွက်-ကယ်ဆယ်ရေးပစ္စည်း (၁၀)မျိုး(၁၂-အိမ်ထောင်စာ) တန်ဖိုးငွေကျပ် (၂၂၂,၁၂၀)၊ အိမ်ဆောက်ပစ္စည်းတန်ဖိုးငွေကျပ် (၁,၂၀၀,၀၀၀)နှင့် ဆန်ရိက္ခာတန်ဖိုးငွေကျပ် (၇၅,၆၀၀) တို့အား (၂၀-၁၁-၂၀၁၈)ရက်နေ့တွင် ဘေးသင့်ပြည်သူများထံသို့သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
