လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ရေဘေးသင့် ပြည်သူများအတွက် AHA Centreမှ လှူဒါန်းသော ဆိုလာမီးအိမ်(၃၀၀၀)လုံးအနက်မှ ကဝမြို့နယ်အတွင်းရှိ ရေဘေးသင့်ပြည်သူများအတွက် ဆိုလာမီးအိမ်(၁၀၀)လုံးအား (၂၀-၁၁-၂၀၁၈)ရက်နေ့တွင် သွားရောက်ထောက်ပံ့ခဲ့ကြောင်းသတင်းရရှိပါသည်။