Author Archives: Department of Disaster Management
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဆွေးနွေးဟောပြောခြင်း ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မုံရွာခရိုင်၊ မုံရွာမြို့နယ်၊ ထနောင်းတော(မ)ကျေးရွာ၊ အ.လ.က (ခွဲ) ကျောင်း၌ (၁၂-၁၂-၂၀၁၈) ရက်နေ့၊ (၀၉း၃၀) နာရီမှ (၁၁း၀၀) နာရီအထိ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဟောပြောဆွေးနွေးခြင်း ဆောင်ရွက်ခဲ့ရာ ကျောင်းသား/သူ (၂၉၀) ဦးတက်ရောက်ခဲ့ပြီး တက်ရောက်လာသူများအား လက်ကမ်းစာစောင်များနှင့် ပိုစတာများ ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။ Source: စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ) #ar #sgg_dec2018
-
ငလျင်ဘေးနှင့်အခြား သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
(၁၂.၁၂-၂၀၁၈) ရက်နေ့တွင် အမှတ် (၃) ရပ်ကွက်၊ အခြေခံပညာမူလတန်းလွန်ကျောင်းတွင် ငလျင်ဘေးနှင့် အခြားသဘာဝ ဘေးအန္တရာယ်များနှင့်ပတ်သက်၍ အသိပညာပေးဟောပြောပွဲ ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါဟောပြောပွဲတွင် တာတုံမြို့အုပ်ချုပ်ရေးမှူးမှ သဘာဝဘေးအန္တရာယ်အကြောင်း သိကောင်းစရာနှင့်ပတ်သက်၍ အဖွင့်အမှာစကား ပြောကြားပြီး မိုင်းပျဉ်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဦးစီးဌာန၏ လုပ်ငန်းတာဝန်များ၊ ရည်ရွယ်ချက်များ၊ ဘေး (၈) မျိုး ဆောင်ရန်/ရှောင်ရန်များ၊ ငလျင်ဘေးနှင့်ပတ်သက်၍ လက်တွေ့သရုပ်ပြခြင်း၊ လက်တွေ့ပါဝင် ဆောင်ရွက်စေခြင်း၊ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကာ ဆရာ/မနှင့် ကျောင်းသား/သူ၊ စုစုပေါင်း (၁၂၀) ဦးအား တက်ရောက် ခဲ့ကြောင်း သိရှိရပါသည်။ … Read more
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဆွေးနွေးဟောပြောခြင်း ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ခန္တီးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ခန္တီးမြို့နယ်၊ ဆင်သေကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်း၌ (၁၂-၁၂-၂၀၁၈) ရက်နေ့၊ (၁၃း၃၀) နာရီအချိန်တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဆွေးနွေးဟောပြောခြင်းဆောင်ရွက်ခဲ့ရာ ကျောင်းသူ/သား (၄၀၀) ဦးတက်ရောက်ခဲ့ပြီး တက်ရောက်လာသူများအား လက်ကမ်းစာစောင်များနှင့် ကျောင်းအတွက်ဗီနိုင်းပိုစတာ ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ခန္တီးခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #sgg_dec2018
-
ငလျင်ဘေးနှင်အခြား သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှု သတင်း
(၁၁.၁၂.၂၀၁၈) ရက်နေ့၊ နေ့လည် (၁၃:၀၀)နာရီ မှ (၁၅:၀၀) နာရီအထိ အမှတ် (၁) ရပ်ကွက်၊ အခြေခံပညာအထက်တန်းကျောင်း (တုံတာ) ကျောင်းတွင် တက်ရောက်သူ ဆရာ/မနှင့်ကျောင်းသား ကျောင်းသူ စုစုပေါင်း (၁၉၀) ဦးအား ငလျင်ဘေးနှင့်အခြားသဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ အသိပညာပေး ဟောပြောပွဲ ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါဟောပြောပွဲတွင် မိုင်းပျဉ်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူ များသည် ဦးစီးဌာန၏ လုပ်ငန်းတာဝန်များ၊ ရည်ရွယ်ချက်များ၊ ဘေး (၈) မျိုး ဆောင်ရန်၊ ရှောင်ရန်များ၊ ငလျင်ဘေးနှင့်ပတ်သက်၍ လက်တွေ့သရုပ်ပြခြင်း၊ တုံတာမြို့ မီးသတ်ဦးစီးဌာနမှလည်း မီးဘေးအန္တရာယ် … Read more
-
သဘာဝဘေးအန္တရာယ် လျော့ပါးရေးဆိုင်ရာ အသိပညာပေး ဆွေးနွေးဟောပြောမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ အ.ထ.က(ခွဲ) သဗြုချောင်၌ (၁၂-၁၂-၂၀၁၈) ရက်နေ့၊ (၁၀:ဝဝ) နာရီအချိန်တွင် သဘာဝဘေးအန္တရာယ်လျော့ပါးရေးဆိုင်ရာ အသိပညာပေး ဟောပြောဆွေးနွေးခြင်းကို ဆောင်ရွက်ခဲ့ရာ ကျောင်းသား/သူ (၂၅၀) ဦးခန့်နှင့် အမျိုးသမီးရေးရာ၊ မိခင်နှင့် ကလေးစောင့်ရှောက်ရေး၊ ရပ်မိ/ရပ်ဖ (၅ဝ) ဦး၊ စုစုပေါင်းအင်အား (၃၀၀) ဦးခန့်တက်ရောက်ခဲ့ပြီး တက်ရောက်လာသူများအား လက်ကမ်းစာစောင်များဝေငှခြင်း၊ ကျောင်းအတွင်း နံရံကပ်ပိုစတာများကပ်ခြင်းတို့ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: သထုံခရိုင်ဦးစီးမှူးရုံး (ဘစမ) … Read more
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲနှင့် ငလျင်ဘေးအန္တရာယ် သရုပ်ပြလေ့ကျင့်ခြင်းများ ပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ဘိုကလေးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၁.၁၂.၂၀၁၈) ရက်နေ့ နံနက်(၁၀:၀၀) နာရီ အချိန်တွင် ဘိုကလေးမြို့နယ်၊ မြင်းကကုန်းကျေးရွာအုပ်စု၊ မြင်းကကုန်းကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်းတွင် သဘာဝဘေးအသိပညာပေးဟောပြောပွဲနှင့် ငလျင်ဘေးအန္တရာယ်သရုပ်ပြလေ့ကျင့်ခြင်းအစီအစဉ်ကို တစ်ကျောင်းလုံး အတိုင်း အတာဖြင့် ကျင်းပဆောင်ရွက်ခဲ့ပြီး ဟောပြောပွဲတွင် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးမှ အဖွင့်အမှာစကားပြောကြားကာ နေ့လည်(၁၂:၀၀) နာရီအချိန်တွင် ပထမပိုင်းအစီအစဉ်များ ရပ်နားခဲ့ပါသည်။ နေ့လည်(၁း၀၀) နာရီအချိန် သရုပ်ပြ လေ့ကျင့်ခြင်းအစီအစဉ်ကို ဆက်လက်ကျင်းပခဲ့ရာ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့၊ စေတနာ့ဝန်ထမ်းလူငယ်အဖွဲ့၊ … Read more
-
သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန၊ မွန်ပြည်နယ်၊ သထုံခရိုင်၊ ကျိုက်ထိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၁-၁၂-၂၀၁၈) ရက်နေ့ တွင် ကော့စံနိုင်ရပ်ကွက်၊ တောရဘုန်းကြီးကျောင်း၌ လူဦးရေ (၃၅၀) ဦးခန့်အား မြို့နယ်သဘာဝဘေးကော်မတီ အဖွဲ့ဝင်များနှင့်ပူးပေါင်း၍သဘာဝဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေး အသိပညာပေးဟောပြောပွဲကျင်းပခဲ့ပြီး လက်ကမ်းစာစောင်များလည်း ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။ #ar #mon_dec2018 Source: ကျိုက်ထိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
မီးဘေးသင့် ထိခိုက်ဒဏ်ရာရပြည်သူအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မြောက်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြောက်ဦးမြို့နယ်၊ မောင်ရွှီကန်ကျေးရွာအုပ်စု၊ ရန်ကုန်-စစ်တွေကားလမ်းဘေး တောင်ဖြူဆည်အနီးရှိ စက်သုံးဆီ/လောင်စာဆီဆိုင်တန်းမှာ (၈-၁၂-၂၀၁၈) ရက်နေ့၊ ညနေ (၁၇း၁၀) အချိန်တွင် မီးလောင်မှုဖြစ်ပွားခဲ့ရာ အဆိုပါမီးလောင်မှုဖြစ်စဉ်တွင် မင်းပြားမြို့နယ်၊ ပန်မြောင်းရွာသစ်နေ မောင်ဌေးဝင်း၊ အသက် (၁၈) နှစ်သည် မီးလောင်ဒဏ်ရာများရရှိ၍ ဆေးရုံ၌ ဆေးကုသမှုခံယူလျက်ရှိရာ ၎င်းဘေးသင့်ပြည်သူအား ထောက်ပံ့ငွေ (၅၀,၀၀၀/-) ကျပ်အား (၉-၁၂-၂၀၁၈) ရက်နေ့တွင် မြောက်ဦးမြို့နယ် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးနှင့်အတူ ဒဏ်ရာရလူနာ၏ မိသားစုထံသို့ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ … Read more
-
အခြေခံသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုနှင့်ပတ်သက်၍ ဆွေးနွေးဟောပြောမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဘိုကလေးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉-၁၂-၂၀၁၈) ရက်နေ့၊ နံနက် (၁၀း၀၀) နာရီအချိန်တွင် ဘိုကလေးမြို့နယ်၊ ကဒုံကနိကျေးရွာအုပ်စု၊ ကဒုံကနိကျေးရွာ၊ ကဒုံကနိနယ်မြေမီးသတ်စခန်း၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေးမွမ်းမံသင်တန်း (၁/၂၀၁၈) ဖွင့်ပွဲအခမ်းအနား၌ အခြေခံသဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုနှင့်ပတ်သက်၍ ထည့်သွင်းဆွေးနွေးဟောပြောခြင်းကို ဆောင်ရွက်ခဲ့ရာ အဆိုပါ အခမ်းအနား၌ မြန်မာနိုင်ငံရဲတပ်ဖွဲ့ နယ်မြေစခန်းမှူး၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၊ ရပ်မိ/ရပ်ဖများ၊ မြို့နယ်မီးသတ်ဦးစီးမှူးနှင့် သင်တန်းသားအရန်မီးသတ်တပ်ဖွဲ့ဝင်များ စုစုပေါင်းအင်အား (၆၅) ဦးခန့် တက်ရောက် ခဲ့ပြီး တက်ရောက်လာသူများအား လက်ကမ်းစာဆောင်များ ဖြန့်ဝေပေးခဲ့ကြောင်းသတင်းရရှိပါသည်။ … Read more
-
မီးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သရက်မြို့နယ်၊ အင်းလယ်ကျေးရွာအုပ်စု၊ အင်းလယ်ကျေးရွာ၌ (၆-၁၂-၂၀၁၈) ရက်နေ့၊ (၁၁း၃ဝ) နာရီအချိန်တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် နေအိမ် (၁) လုံး၊ အိမ်ထောင်စု (၁) စုမှ လူဦးရေ (၁) ဦးဘေးသင့်ခဲ့ရာ အဆိုပါဘေးသင့်ပြည်သူများအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၇) ရက်စာ (၂,၁၀၀/-) ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀,၀၀၀/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၁၀၂,၁၀၀/-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၅) မျိုး (၁) … Read more
