(၁၂.၁၂-၂၀၁၈) ရက်နေ့တွင် အမှတ် (၃) ရပ်ကွက်၊ အခြေခံပညာမူလတန်းလွန်ကျောင်းတွင် ငလျင်ဘေးနှင့် အခြားသဘာဝ ဘေးအန္တရာယ်များနှင့်ပတ်သက်၍ အသိပညာပေးဟောပြောပွဲ ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါဟောပြောပွဲတွင် တာတုံမြို့အုပ်ချုပ်ရေးမှူးမှ သဘာဝဘေးအန္တရာယ်အကြောင်း သိကောင်းစရာနှင့်ပတ်သက်၍ အဖွင့်အမှာစကား ပြောကြားပြီး မိုင်းပျဉ်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဦးစီးဌာန၏ လုပ်ငန်းတာဝန်များ၊ ရည်ရွယ်ချက်များ၊ ဘေး (၈) မျိုး ဆောင်ရန်/ရှောင်ရန်များ၊ ငလျင်ဘေးနှင့်ပတ်သက်၍ လက်တွေ့သရုပ်ပြခြင်း၊ လက်တွေ့ပါဝင် ဆောင်ရွက်စေခြင်း၊ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကာ ဆရာ/မနှင့် ကျောင်းသား/သူ၊ စုစုပေါင်း (၁၂၀) ဦးအား တက်ရောက် ခဲ့ကြောင်း သိရှိရပါသည်။
#ar
#shn_dec2018
Source: မိုင်းပျဉ်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)