လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ဘိုကလေးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၁.၁၂.၂၀၁၈) ရက်နေ့ နံနက်(၁၀:၀၀) နာရီ အချိန်တွင် ဘိုကလေးမြို့နယ်၊ မြင်းကကုန်းကျေးရွာအုပ်စု၊ မြင်းကကုန်းကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်းတွင် သဘာဝဘေးအသိပညာပေးဟောပြောပွဲနှင့် ငလျင်ဘေးအန္တရာယ်သရုပ်ပြလေ့ကျင့်ခြင်းအစီအစဉ်ကို တစ်ကျောင်းလုံး အတိုင်း အတာဖြင့် ကျင်းပဆောင်ရွက်ခဲ့ပြီး ဟောပြောပွဲတွင် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးမှ အဖွင့်အမှာစကားပြောကြားကာ နေ့လည်(၁၂:၀၀) နာရီအချိန်တွင် ပထမပိုင်းအစီအစဉ်များ ရပ်နားခဲ့ပါသည်။ နေ့လည်(၁း၀၀) နာရီအချိန် သရုပ်ပြ လေ့ကျင့်ခြင်းအစီအစဉ်ကို ဆက်လက်ကျင်းပခဲ့ရာ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့၊ စေတနာ့ဝန်ထမ်းလူငယ်အဖွဲ့၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး၊ ရပ်မိ/ဖများ၊ ကျေးရွာ ပြည်သူ့စစ်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ကျေးရွာသူ/သားများ၊ ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ/မများ၊ ကျောင်းသား/ သူ များ စုစုပေါင်းအင်အား (၁၂၅၀) ခန့်ဖြင့် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။
#ar
#ayy_dec2018
Source: ဘိုကလေးမြို့နယ်ဦးစီးမှူးရုံး (ဘစမ)