Author Archives: Thu Thu Han
-
မော်လမြိုင်ကျွန်းမြို့နယ်ဦးစီးမှူးရုံးမှ လေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မော်လမြိုင်ကျွန်းမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၊ အောင်လှိုင် ကျေးရွာအုပ်စု၊ ကွဲျခြံကျုံလမုကျေးရွာအုပ်စု၊ ရှောက်ချောင်းကျေးရွာအုပ်စု၊ ထီပါလယ်ကျေးရွာအုပ်စု၊ တန့်ငူကျေးရွာ အုပ်စု၊ ကျော်ဇံကျေးရွာအုပ်စု၊ ကျိုက်ပိကျေးရွာအုပ်စု၊ ဖျာလိပ် ကျေးရွာအုပ်စု၊ ဂွေးကုန်းကျေးရွာအုပ်စု၊ ဘုရားဒေါင့်ကျေးရွာအုပ်စု၊ သုံးခွချွန်းကျေးရွာအုပ်စုနှင့် လပွတ္တလုပ်ကလေးကျေးရွာအုပ်စုတို့၌ (၂-၈-၂၀၁၉)ရက်နေ့ မှ (၅-၈-၂၀၁၉)ရက်နေ့ထိ မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းများတိုက်ခတ်မှုကြောင့် ပြိုကျပျက်စီးခဲ့သည့် နေအိမ်(၁၅)လုံး၊ အိမ်ထောင်စု(၁၅)စုမှ ဘေးသင့်ပြည်သူ(၇၈)ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုးပါ(၁၅)ပုံး၊ အိမ်ဆောက်ပစ္စည်းဘိုး (၁၅၄၀၀၀၀/-)၊ ဆန်ရိက္ခာ(၇)ရက်စာ (၁၆၃၈၀၀/-)၊ တစ်စိတ်စိတ်ပိုင်း(အမိုးလန်) ပျက်စီးခဲ့သော နေအိမ်(၅)လုံး၊ အိမ်ထောင်စု(၅)တို့မှ … Read more
-
မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ ရေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ (၉.၈.၂၀၁၉)ရက်နေ့၊ ညနေ(၁၆း၃၀)နာရီအချိန်တွင် မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြောင်း မြမြို့နယ်၊ ကံကော်မြိုင်ရပ်ကွက်တွင် (၄.၈.၂၀၁၉) ရက်နေ့မှ (၈.၈.၂၀၁၉) ရက်နေ့ထိ မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ရေဝင်ရောက်နစ်မြုပ်သဖြင့် ယာယီကယ်ဆယ်ရေးစခန်းဖွင့်လှစ်ခဲ့သည့် ကံကော်မြိုင် ဘုန်းကြီးကျောင်းရေဘေးစခန်းတွင် ထပ်တိုးအိမ်ထောင်စု(၉၁)စု၊ လူဦးရေ(၄၅၀)ဦး အတွက် ဆန်ရိက္ခာဖိုး ရန်ပုံငွေ(၉၄၅၀၀၀)၊ သရက်ကုန်းဘုန်းကြီးကျောင်းရေဘေးစခန်းတွင် ထပ်တိုးအိမ်ထောင်စု(၄၃)စု၊ လူဦးရေ (၁၄၇) ဦးအတွက် ဆန်ရိက္ခာရန်ပုံငွေ(၃၀၇၈၀၀)၊ ပညာဇေယျုံဘုန်းကြီးကျောင်း ရေဘေးစခန်းတွင် ထပ်တိုးအိမ်ထောင်စု (၁၂)စု၊ လူဦးရေ (၅၆)ဦး အတွက် … Read more
-
ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ ရေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃.၈.၂၀၁၉)ရက်နေ့တွင် ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် အမှတ်(၆)ရပ်ကွက်၌ မိုးသည်းထန်စွာရွာသွန်းပြီး ဇမိမြစ်ရေမြင့်တက်လာမှုကြောင့် ပြောင်းရွေ့နေထိုင်ရသော အိမ်ထောင်စု(၇၆)စု လူဦးရေ(၃၃၀)ဦး တို့အတွက် ဆန်ရိက္ခာဖိုးငွေ (၆၉၃၀၀၀/-)အား (၄.၈.၂၀၁၉)ရက်နေ့တွင် ကရင်ပြည်နယ် လူမှုရေးဝန်ကြီးနှင့်အတူ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ ထောက်ပံ့ ပေးအပ်ခဲ့ပြီးဖြစ်ပါကြောင်း သတင်းရရှိခဲ့ပါသည်။ Source: ကရင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ) ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ #ha_fld #krn_aug2019
-
မြိတ်ခရိုင်ဦးစီးမှူးရုံးမှ လေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁.၈.၂၀၁၉)ရက်နေ့ တနင်္သာရီမြို့နယ် တမုတ်ချုံးကျေးရွာ၌ မိုးသက်လေပြင်းကြောင့် အမိုးလန်ပျက်စီးခဲ့သော နေအိမ် (၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၁၀၀၀၀၀)နှင့် လူ(၂)ဦးအတွက် ဆန်ရိက္ခာဘိုး (၄၂၀၀)အား (၂.၈.၂၀၁၉)ရက်နေ့ (၈း၃၀)အချိန်တွင် သွားရောက် ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မြိတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ) ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ #ha-sgw #tny_aug2019
-
သဘာဝဘေးအန္တရာယ်ကြိုတင်ပြင်ဆင်မှု ကြိုတင်ကာကွယ်မှု မေးမြန်းဆွေးနွေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ (၄.၇.၂၀၁၉)ရက်နေ့တွင် ဂျပန်နိုင်ငံ Kobe University ၌တက်ရောက်လျက်ရှိသော ဒုတိယညွှန်ကြားရေးမှူး ဒေါ်ဝင်းဥမ္မာ ဦးဆောင်သောအဖွဲ့ဝင် (၁ဝ)ဦးတို့သည် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန မွန်ပြည်နယ် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများနှင့် လာရောက်တွေ့ဆုံ၍ သဘာဝဘေးအန္တရာယ်ကြိုတင်ပြင်ဆင်မှု ကြိုတင်ကာကွယ်မှု များ ရေးဘေးအန္တရာယ်နှင့်ပတ်သက်သော ဆောင်ရွက်ထားရှိမှုအခြေအနေများအား မေးမြန်းဆွေးနွေးခဲ့ကြပါ ကြောင်း သတင်းရရှိပါသည်။ Source: မွန်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ) ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ #ar #mon_aug2019
-
မွန်ပြည်နယ်ဦးစီးမှူးရုံးမှ လေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂-၈-၂၀၁၉)ရက်နေ့တွင် ဖြစ်ပွားခဲ့သောကျိုက်မရောမြို့နယ်၊ နိတုံကျေးရွာ၊ လေပြင်းတိုက်ခတ်မှုကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့သည့် လူနေအိမ် (၈)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂၉၀၀၀ဝိ/-) လူဦးရေ (၃၇)ဦးအတွက် (၇)ရက်စာဆန်ဖိုးငွေ (၇၇၇၀ဝိ/-) စုစုပေါင်းငွေ (၃၆၇၇၀ဝိ/-)အား (၃-၈-၂၀၁၉)ရက်နေ့တွင် ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မွန်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ) ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ #ha-sgw #mon_aug2019
-
မြိတ်ခရိုင်ဦးစီးမှူးရုံးမှ လေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁.၈.၂၀၁၉)ရက်နေ့ ကျွန်းစုမြို့နယ် ကျွဲခရံကျေးရွာအုပ်စု ပဲ့တိုင်ကျေးရွာတွင် လေဘေးဒဏ်ကြောင့် ပြိုလဲပျက်စီးနေအိမ် (၃)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး(၄၀၀၀၀၀)၊ အိမ်ထောင်စု (၃)စုစာအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၅)မျိုး၊ အမိုးလန်ပျက်စီးနေအိမ် (၃)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး၊ (၂၅၀၀၀၀)၊ ဘေးသင့်လူဦးရေစုစုပေါင်း (၂၄)ဦးအတွက် ဆန်ရိက္ခာဘိုး (၅၀၄၀၀)၊ စုစုပေါင်းရန်ပုံငွေ (၇၀၀၄၀၀)အား (၂.၈.၂၀၁၉)ရက်နေ့ (၁၆း၃၀) အချိန်တွင် သွားရောက်ထောက်ပံ့ ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မြိတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ) ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ #ha-sgw … Read more
-
ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ ရေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃.၈.၂၀၁၉)ရက်နေ့တွင် ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျချောင်းရေများစီးဆင်းလာမှုကြောင့် ကမော့ကချူးကျေးရွာအုပ်စုရှိ cyclone shelter ကယ်ဆယ်ရေးစခန်းသို့ ပြောင်းရွေ့နေထိုင်ရသော လှိုင်းဘွဲမြို့နယ် (က)ရပ်ကွက်ရှိ အိမ်ထောင်စု(၂၄)စု လူဦးရေ (၁၄၁)ဦး တို့အတွက် ဆန်ရိက္ခာဖိုးငွေ (၂၉၆၁၀၀/-)အား (၃.၈.၂၀၁၉)ရက်နေ့တွင် ထောက်ပံ့ ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ကရင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ) ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ #ha-fld #krn_aug2019
-
မွန်ပြည်နယ်ဦးစီးမှူးရုံးမှ လေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃-၈-၂၀၁၉) ရက်နေ့ (၀၅:၀၀)အချိန်တွင် မော်လမြိုင်မြို့နယ် ဖားအောက်ကျေးရွာတွင် လေဘေးဒဏ်ကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့သော နေအိမ်(၇)လုံးမှ အိမ်ထောင်စု(၇)စု လူဦးရေ (၂၅) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၅၂၅၀၀/-) နှင့် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၉၄၀၀၀/-)၊ စုစုပေါင်း (၁၄၆၅၀၀/-)အား (၃-၈-၂၀၁၉)ရက်နေ့ စနေနေ့ညနေတွင်သွားရောက် ကူညီထောက်ပံ့ခဲ့ပါကြောင်း သတင်း ရရှိပါသည်။ Source: မွန်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ) ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ #ha-sgw #mon_aug2019
-
မွန်ပြည်နယ်ဦးစီးမှူးရုံးမှ လေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂-၈-၂၀၁၉)ရက်နေ့ (၁၈:၃၀)အချိန်တွင် မော်လမြိုင်မြို့၊ မြိုင်သာယာရပ်ကွက်ရှိ လေဘေးဒဏ်ကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့သော နေအိမ်(၅)လုံးမှ အိမ်ထောင်စု(၅)စု လူဦးရေ (၁၅) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၃၁၅၀၀/-)နှင့် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၃၅၅၀၀၀/-)၊ စုစုပေါင်း ထောက်ပံ့ငွေ (၃၈၆၅၀၀/-)အား (၃-၈-၂၀၁၉)ရက်နေ့ စနေနေ့တွင် သွားရောက်ကူညီထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မွန်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ) ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ #ha-sgw #mon_aug2019
