လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃.၈.၂၀၁၉)ရက်နေ့တွင် ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျချောင်းရေများစီးဆင်းလာမှုကြောင့် ကမော့ကချူးကျေးရွာအုပ်စုရှိ cyclone shelter ကယ်ဆယ်ရေးစခန်းသို့ ပြောင်းရွေ့နေထိုင်ရသော လှိုင်းဘွဲမြို့နယ် (က)ရပ်ကွက်ရှိ အိမ်ထောင်စု(၂၄)စု လူဦးရေ (၁၄၁)ဦး တို့အတွက် ဆန်ရိက္ခာဖိုးငွေ (၂၉၆၁၀၀/-)အား (၃.၈.၂၀၁၉)ရက်နေ့တွင် ထောက်ပံ့ ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: ကရင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
#ha-fld
#krn_aug2019