လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မော်လမြိုင်ကျွန်းမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၊ အောင်လှိုင် ကျေးရွာအုပ်စု၊ ကွဲျခြံကျုံလမုကျေးရွာအုပ်စု၊ ရှောက်ချောင်းကျေးရွာအုပ်စု၊ ထီပါလယ်ကျေးရွာအုပ်စု၊ တန့်ငူကျေးရွာ အုပ်စု၊ ကျော်ဇံကျေးရွာအုပ်စု၊ ကျိုက်ပိကျေးရွာအုပ်စု၊ ဖျာလိပ် ကျေးရွာအုပ်စု၊ ဂွေးကုန်းကျေးရွာအုပ်စု၊ ဘုရားဒေါင့်ကျေးရွာအုပ်စု၊ သုံးခွချွန်းကျေးရွာအုပ်စုနှင့် လပွတ္တလုပ်ကလေးကျေးရွာအုပ်စုတို့၌ (၂-၈-၂၀၁၉)ရက်နေ့ မှ (၅-၈-၂၀၁၉)ရက်နေ့ထိ မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းများတိုက်ခတ်မှုကြောင့် ပြိုကျပျက်စီးခဲ့သည့် နေအိမ်(၁၅)လုံး၊ အိမ်ထောင်စု(၁၅)စုမှ ဘေးသင့်ပြည်သူ(၇၈)ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုးပါ(၁၅)ပုံး၊ အိမ်ဆောက်ပစ္စည်းဘိုး (၁၅၄၀၀၀၀/-)၊ ဆန်ရိက္ခာ(၇)ရက်စာ (၁၆၃၈၀၀/-)၊ တစ်စိတ်စိတ်ပိုင်း(အမိုးလန်) ပျက်စီးခဲ့သော နေအိမ်(၅)လုံး၊ အိမ်ထောင်စု(၅)တို့မှ ဘေးသင့်လူဦးရေ(၂၂)ဦး အတွက် အိမ်ဆောက်ပစ္စည်းဘိုး (၁၅၀၀၀၀/-)၊ ဆန်ရိက္ခာ (၇)ရက်စာ(၄၆၂၀၀/-)၊ လေဘေးအတွက် စုစုပေါင်းထောက်ပံ့ငွေကျပ် (၁၉၀၀၀၀၀/-) တိတိအား မော်လမြိုင်ကျွန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ (၈-၈-၂၀၁၉)ရက်နေ့ (၁၂း၀၀)နာရီ အချိန်တွင် မြို့နယ်အုပ်ချုပ်ရေးမှူး၊ လွှတ်တော်ကိုယ်စားလှယ်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ ရပ်ကျေးစာရေးများနှင့် အတူ ဘေးသင့်ပြည်သူများထံ ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: မော်လမြိုင်ကျွန်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
#ha_swg
#ayy_aug2019