မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ ရေဘေးထောက်ပံ့မှုသတင်း

 

9_Pic_02လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ (၉.၈.၂၀၁၉)ရက်နေ့၊ ညနေ(၁၆း၃၀)နာရီအချိန်တွင် မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြောင်း မြမြို့နယ်၊ ကံကော်မြိုင်ရပ်ကွက်တွင် (၄.၈.၂၀၁၉) ရက်နေ့မှ (၈.၈.၂၀၁၉) ရက်နေ့ထိ မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ရေဝင်ရောက်နစ်မြုပ်သဖြင့် ယာယီကယ်ဆယ်ရေးစခန်းဖွင့်လှစ်ခဲ့သည့် ကံကော်မြိုင် ဘုန်းကြီးကျောင်းရေဘေးစခန်းတွင် ထပ်တိုးအိမ်ထောင်စု(၉၁)စု၊ လူဦးရေ(၄၅၀)ဦး အတွက် ဆန်ရိက္ခာဖိုး ရန်ပုံငွေ(၉၄၅၀၀၀)၊ သရက်ကုန်းဘုန်းကြီးကျောင်းရေဘေးစခန်းတွင် ထပ်တိုးအိမ်ထောင်စု(၄၃)စု၊ လူဦးရေ (၁၄၇) ဦးအတွက် ဆန်ရိက္ခာရန်ပုံငွေ(၃၀၇၈၀၀)၊ ပညာဇေယျုံဘုန်းကြီးကျောင်း ရေဘေးစခန်းတွင် ထပ်တိုးအိမ်ထောင်စု (၁၂)စု၊ လူဦးရေ (၅၆)ဦး အတွက် ဆန်ရိက္ခာရန်ပုံငွေ(၁၁၇၆၀၀) ၊စုစုပေါင်းအိမ်ထောင်စု (၁၄၆)စု၊ လူဦးရေ (၆၅၃)ဦးအတွက် ဆန်ရိက္ခာရန်ထောက်ပံငွေ (၁၃၇၁၃၀၀)အား သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပြီးဖြစ်ပါကြောင်း သတင်းရရှိပါသည်။

Source: မြောင်းမြခရိုင်ဦးစီးမှူးရုံး (ဘစမ)

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

#ha_fld

#ayy_aug2019

Sign Up

Upcoming Events