လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂-၈-၂၀၁၉)ရက်နေ့ (၁၈:၃၀)အချိန်တွင် မော်လမြိုင်မြို့၊ မြိုင်သာယာရပ်ကွက်ရှိ လေဘေးဒဏ်ကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့သော နေအိမ်(၅)လုံးမှ အိမ်ထောင်စု(၅)စု လူဦးရေ (၁၅) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၃၁၅၀၀/-)နှင့် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၃၅၅၀၀၀/-)၊ စုစုပေါင်း ထောက်ပံ့ငွေ (၃၈၆၅၀၀/-)အား (၃-၈-၂၀၁၉)ရက်နေ့ စနေနေ့တွင် သွားရောက်ကူညီထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: မွန်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
#ha-sgw
#mon_aug2019