လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃.၈.၂၀၁၉)ရက်နေ့တွင် ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် အမှတ်(၆)ရပ်ကွက်၌ မိုးသည်းထန်စွာရွာသွန်းပြီး ဇမိမြစ်ရေမြင့်တက်လာမှုကြောင့် ပြောင်းရွေ့နေထိုင်ရသော အိမ်ထောင်စု(၇၆)စု လူဦးရေ(၃၃၀)ဦး တို့အတွက် ဆန်ရိက္ခာဖိုးငွေ (၆၉၃၀၀၀/-)အား (၄.၈.၂၀၁၉)ရက်နေ့တွင် ကရင်ပြည်နယ် လူမှုရေးဝန်ကြီးနှင့်အတူ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ ထောက်ပံ့ ပေးအပ်ခဲ့ပြီးဖြစ်ပါကြောင်း သတင်းရရှိခဲ့ပါသည်။
Source: ကရင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
#ha_fld
#krn_aug2019