Author Archives: Thu Thu Han
-
တိုက်ပွဲရှောင်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ စစ်တွေမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်အတွင်း တိုက်ပွဲများဖြစ်ပွားမှု ကြောင့် (၂၀.၉.၂၀၁၉)ရက်တွက် စစ်တွေမြို့နယ်၊ ဃောသိတာရုံကျောင်းတိုက်သို့် ထပ်တိုး ရောက်ရှိလာသော တိုက်ပွဲရှောင် အိမ်ထောင်စု(၃)စုမှ လူဦးရေ(၈)ဦးအတွက် ဆန်ရိက္ခာ(၂)ပတ်စာ ဆန်(၁)အိတ်၊ (၄)ပြည်အား လည်းကောင်း၊ (၂၄.၉.၂၀၁၉)ရက်တွင် စစ်တွေမြို့နယ်၊ ဓမ္မာရာမကျောင်းတိုက်သို့ ထပ်မံရောက်ရှိလာသော တိုက်ပွဲရှောင်အိမ်ထောင်စု(၂၄)စုမှ လူဦးရေ(၁၁၃)ဦးအတွက် ဆန်ရိက္ခာ(၂)ပတ်စာ ဆန်(၁၆)အိတ်၊ (၁၁)ပြည်၊ (၄)ဘူးအား လည်းကောင်း (၂၇.၉.၂၀၁၉) ရက်တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: စစ္ေတြခရိုင်ဦးစီးမှူးရုံး … Read more
-
မိုးကြိုးဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၂-၉-၂၀၁၉) ရက်နေ့၌ ကျောက်ဖြူမြို့နယ်၊ အုန်းတောအုပ်စု၊ ပြိုင်စေ့ကေကျေးရွာတွင် မိုးကြိုးထိမှန်၍ သေဆုံးသူ (၁) ဦးအတွက် ထောက်ပံ့ငွေ (၃၀၀,၀၀၀/-) ကျပ်အား (၂၇-၉-၂၀၁၉) ရက်နေ့၊ (၁၄:၃၀) နာရီအချိန်တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ကျောက်ဖြူခရိုင်ဦးစီးမှူးရုံး (ဘစမ) #ha_tls #rke_sep2019
-
ဇီးချောင်းရေကျိုးပေါက်မှုအား ပိတ်ဆို့ဆောင်ရွက်မည့်လုပ်ငန်းတွင် စက်သုံးဆီဝယ်ယူရန်ကုန်ကျငွေ လွှဲပြောင်းထောက် ပံ့ပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန စစ်တိုင်းဒေသကြီး၊ ကလေးမြို့နယ်အတွင်း ဇီးချောင်းရေလမ်းကြောင်း ပြန်လည်ကောင်းမွန်ရေးနှင့် ကျေးရွာများရေဝင်ရောက်မှု ကာကွယ်နိုင်ရန်အတွက် ဇီးချောင်းရေကျိုးပေါက်မှုအား ပိတ်ဆို့ဆောင်ရွက်မည့် လုပ်ငန်းတွင် စက်သုံးဆီဝယ်ယူရန် ကုန်ကျငွေ (၂၂၅၀၀၀၀) အား ကလေးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အုပ်ချုပ်ရေးမှုးနှင့်အတူ (၂၇-၉-၂၀၁၉) ရက်နေ့ (၁၁:၃၀)တွင် သက်ဆိုင်ရာလူများထံသို့ လွှဲပြောင်းထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ကလေးခရိုင်ဦးစီးမှူးရုံး (ဘစမ) #otr #sgg_sep2019
-
ထောက်ပံ့ငွေ ပေးအပ်မှုသတင်း
လူမှုဝန်ထမ်း ၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် စက်တင်ဘာလ(၂၃)ရက်နေ့တွင် ဖျာပုံမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနအစည်းအဝေးခန်းမတွင် ဖျာပုံမြို့နယ်ကနိချောင်းဝကျေးရွာအုပ်စု ကနိချောင်းဝကျေးရွာရှိ သောက်သုံးရေကန် ပြန်လည်ပြုပြင်ရန်အတွက် ထောက်ပံ့ငွေ(၃၃၇၀၀၀၀)ကျပ်ကို တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးဘိုဘိုမင်းဇော်၊ ဖျာပုံမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်ကော်မတီ အဖွဲ့ဝင်များမှ ကနိချောင်းဝကျေးရွာ သောက်သုံးရေကန်ပြုပြင်ရေးကော်မတီအဖွဲ့ သို့လွှဲပြောင်းပေးအပ်ထောက် ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ဘစမ) #otr #ayy_sep2019
-
ေလေဘးေထာက်ပံ့မှုသတင်း
လူမှုဝန်ထမ်း ၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဖျာပုံမြို့နယ်(၁၅)ရပ်ကွက် အောင်မေတ္တာ(၄)လမ်းတွင် (၂၂.၉.၂၀၁၉) ရက်နေ့တွင် လေးပြင်းတိုက်ခတ်မှုကြောင့် နေအိမ်ပေါ်သို့ အုန်းပင်ပြိုလဲခဲ့ရာ နေအိမ်တစ်စိတ်တစ်ပိုင်း ပျက်စီးခဲ့ခြင်းအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၅၀၀၀၀) ကျပ်၊ လူဦးရေ(၆)ဦးအတွက် (၁၂၆၀၀) ကျပ်တို့ကို (၂၃.၉.၂၀၁၉)ရက်ေန့တွင် သွားရောက်ထောက်ပံ့ပေးခဲ့ပါေကြာင်း သတင်းရရှိပါသည်။ Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ဘစမ) #ha_sgw #ayy_sep2019
-
သဘာဝဘေးဟောပြောမှုသတင်း
လူမှုဝန်ထမ်း ၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့့်ခွဲမှုဦးစီးဌာန၊ ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃.၉.၂၀၁၉)ရက်နေ့တွင် ခရိုင်ပြန်/ဆက်၊ မြို့နယ်မီးသတ်၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနတို့နှင့်အတူ ကော့ကရိတ်မြို့နယ်၊ သမိန်ဒွတ်ကျေးရွာ အထက(ခွဲ)ကျောင်း၊ ကျောင်းသူ/ကျောင်းသား၊ ဆရာ/ဆရာမ(၁၅၀)ဦး တို့အား ကော့ကရိတ်ခရိုင်(ဘစမ)မှ ရေဘေး၊ လေဘေး၊ မြေပြိုဘေး၊ မိုးကြိုးဘေး၊ မုန်တိုင်းဘေးများအကြောင်း၊ ဘေးများမဖြစ်ပွားမီ/ ဖြစ်နေစဉ်/ ဖြစ်ပွားပြီး ရှောင်ရန်/ဆောင်ရန်များ ရှင်းလင်းပြောကြားခြင်း၊ ကယ်ဆယ်ရေးထောက်ပံ့ပစ္စည်းများနှင့် ပတ်သတ်၍ ထောက်ပံ့နေမှုများအား ဟောပြောခြင်းများဖြင့်လည်ကောင်း၊ ခရိုင်ပြန်/ဆက်မှ စာဖတ်ခြင်း၏ အကျိုးကျေးဇူး များခြင်း၊ ကျောင်းသူ/သားများ အကျင့်စာရိတ္တကောင်းကျိုး၊ ဆိုးပြစ်များအကြောင်း … Read more
-
ဘေးအန္တရယ်ဆိုင်ရာ စီမံခန့်ခွဲမှုအခြေခံသင်တန်း သတင်း
လူမှုဝန်ထမ်း ၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တိုင်းဦးစီးမှူးနှင့် တာဝန်ရှိသူများသည် ဒက္ခိဏခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ (၂၃-၉-.၂၀၁၉)ရက်နေ့ မှ (၂၇-၉-၂၀၁၉)ရက်နေ့ ထိဖွင့်လှစ်သည့် ဘေးအန္တရယ်ဆိုင်ရာ စီမံခန့်ခွဲမှုအခြေခံသင်တန်းအား (၂၃-၉-.၂၀၁၉)ရက်နေ့ နံနက်(၀၉:၀၀)အချိန်တွင် သင်တန်းသားသင်တန်းသူ (၂၅)ဦးတို့ဖြင့် ဖွင့်လှစ်ခဲ့ရာ တိုင်း/ခရိုင်အဆင့်မှ ဌာနဆိုင်ရာများ အခြားဖိတ်ကြားထားသည့်ဧည့်သည်တော်များ တက်ရောက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: နေပြည်တော်တိုင်းဦးစီးမှူးရုံး (ဘစမ) #ar #npw_sep2019
-
ကော့သောင်းခရိုင်ဦးစီမှူးရုံး သိုလှောင်ရုံသို့ လက်ကျန်စာရင်းများ သွားရောက်ယူမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၀.၉.၂၀၁၉)ရက်နေ့ ကော့သောင်းခရိုင်ဦးစီမှူးရုံး သိုလှောင်ရုံတွင် မြေပြင်လက်ကျန်စာရင်းကောက်ယူမှုတင်ပြခြင်း၊ သိုလှောင်ထားရှိသော ကယ်ဆယ်ရေးပစ္စည်းများ၊ အထောက်အကူပြုပစ္စည်းများနှင့် အလှူပစ္စည်းများ၏ မြေပြင်လက်ကျန်စာရင်းကို သွားရောက်ယူခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ) #otr #tny_sep2019
-
ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး ပြည်ထောင်စုနယ်မြေအတွင်း မသန်စွမ်းသူများအား ထောက်ပံ့ငွေ များပေးအပ်မှုသတင်း
စက်တင်ဘာ၊ ၁၈၊ နေပြည်တော် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ မသန်စွမ်းသူများအား ထောက်ပံ့ငွေပေးအပ် ခြင်းကို ယနေ့မွန်းလွဲပိုင်းက ပျဉ်းမနားမြို့၊ မင်္ဂလာဗျူဟာသာသနာ့ဗိမာန်တော်ကြီး၌ကျင်းပပြုလုပ်ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့် နေပြည်တော်ကောင်စီဥက္ကဌ ဒေါက်တာမျိုးအောင်တို့ တက်ရောက်ခဲ့ ကြပါသည်။ အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက ဝန်ကြီးဌာနအနေဖြင့် ပြည်သူများအားလုံး အခြေခံလူ့အခွင့်အရေးများရရှိပြီး လူ့ဂုဏ်သိက္ခာနှင့်အညီ ရပ်တည်နေနိုင်ရန် လူမှုကာကွယ် စောင့်ရှောက်ရေးနည်းလမ်းများဖြင့် ကြိုးပမ်းပေးလျက်ရှိကြောင်း၊ မြန်မာနိုင်ငံတွင် မသန်စွမ်းသူ များနှင့်ပတ်သက်၍ မြန်မာနိုင်ငံမသန်စွမ်းသူများ ဖွံ့ဖြိုးတိုးတက်ရေး အမျိုးသားအဆင့်မဟာဗျူဟာ (၂၀၁၆-၂၀၂၅)ကို ပြဋ္ဌာန်းခဲ့ပြီးဖြစ်ကြောင်း၊ … Read more
-
မိုးခေါင်ရေရှားဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကွတ်ခိုင်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သုံးရေလိုအပ်မှုအတွက် နေပြည်တော် Call Centerသို့ ဆက်သွယ်အကူအညီတောင်းခံခဲ့ရာ ဂရုဏာလူမှုကူညီရေးအသင်း। ဥက္ကဌဦးခမ်းညွန့် ထံသို့ ၂” အဝီစိတွင်း (၁)တွင်းအတွက် (၁၇၀၇၃၈၃/-)ကျပ်နှင့် ဂါလံ(၈၀၀)ဆံ့ အုတ်ရေကန် (၁)ကန်အတွက် (၁၁၉၆၁၅၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့မှု (၂၉၀၃၅၃၃/-)ကျပ်အား (၁.၉.၂၀၁၉) ရက်နေ့တွင် ကွင်းဆင်းထောက်ပံ့ရေးဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ကွတ်ခိုင်မြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ha_drg #kcn_aug2019
