Author Archives: RRD
-
ဧရာ၀တီတိုင်း၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် လေဘေးထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ လပွတ္တာခရိုင်ဦးစီးမှူးရုံးမှ တာ၀န်ရှိသူများသည် ဧရာ၀တီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၊ ကြက်ရှာကျေးရွာအုပ်စု၊ ဓနိချောင်းကျေးရွာတွင် (၂၃-၅-၂၀၁၆)ရက်နေ့က လေဘေးဖြစ်ပွားခဲ့ရာ ပြိုကျအိမ်ခြေ (၅)လုံး၊ အိမ်အမိုးလန် (၁၆)လုံး၊ စုစုပေါင်း (၂၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းတန်ဖိုးငွေကျပ် (၅၇၀,၀၀၀)၊ ဘေးသင့်ပြည်သူ (၈၈)ဦး အတွက် ဆန်ရိက္ခာတန်ဖိုးငွေကျပ် (၇၉,၂၀၀)၊ စုစုပေါင်း ထောက်ပံ့ငွေကျပ် (၆၄၉,၂၀၀)အား (၂-၆-၂၀၁၆) ရက်နေ့တွင် ထောက်ပံ့ပေးခဲ့ကြောင်းသိရှိရပါသည်။
-
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်၊ ကနိုင်းဒါကျေးရွာတွင် သဘာဝဘေး အသိပညာပေး ဟောပြောပွဲပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီး ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ထားဝယ်မြို့နယ်၊ ကနိုင်းဒါကျေးရွာတွင် သဘာဝ ဘေးအသိပညာပေး ဟောပြောပွဲကို (၃၁-၅-၂၀၁၆) ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ရာ ကျေးရွာလူထု (၂၅၀) ဦးခန့်တက်ရောက် ခဲ့ပြီး အဆိုပါ ဟောပြောပွဲတွင် သဘာဝဘေး ဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။ Source: တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး(ကဆရ)
-
အိန္ဒိယနိုင်ငံရောက် မြန်မာရေလုပ်သား (၁၃၃) ဦး ပြန်လည်ရောက်ရှိခြင်း
၁။ အိန္ဒိယရေပိုင်နက်အတွင်း အကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိသွားပြီး အိန္ဒိယနိုင်ငံအစိုးရ၏ ဖမ်းဆီးအရေးယူမှုကြောင့် အိန္ဒိယနိုင်ငံ၊ ပို့ဘလဲမြို့ရှိ အကျဉ်းထောင်တွင်ပြစ်ဒဏ်ကျခံပြီးသည့် မြန်မာနိုင်ငံသားမှန်ကန်ကြောင်း အတည်ပြုပြီးသူများအနက် ဒုတိယအသုတ်အဖြစ် ပြန်လည်ခေါ်ယူခဲ့သည့် ရေလုပ်သား (၁၃၃) ဦးသည် (၂-၆-၂၀၁၆) နေ့ (၁၆:၄၀) အချိန်တွင် အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်း (MAI) မှ စင်းလုံးငှားလေယာဉ်ဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိခဲ့ပါသည်။ ၂။ ပြန်လည်ရောက်ရှိခဲ့သည့်ရေလုပ်သား (၁၃၃) ဦးမှာ ဧရာဝတီတိုင်းဒေသကြီးမှ (၁၃၀) ဦး၊ တနင်္သာရီတိုင်းဒေသကြီးမှ (၂) ဦးနှင့် ရခိုင်ပြည်နယ်မှ (၁) ဦးတို့ဖြစ်ပါသည်။ … Read more
-
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ပိုးရွှီပြင်ကျေးရွာရှိ စက်လှေနစ်မြုပ်သေဆုံးသူကျောင်းသား/သူများအား ထောက်ပံ့ပေးမှုသတင်း
ကျောင်းသား/သူ (၃၅) ဦးပါရှိသည့် စက်လှေ (၁) စီးသည် (၁-၆-၂၀၁၆) ရက်နေ့တွင် ပုဏ္ဏားကျွန်းမြို့နယ်၊ ဂန့်ဂေါ်ကျွေးရွာမှ ပိုးရွှီပြင်ကျေးရွာသို့ အပြန်တွင် နစ်မြုပ်မှုဖြစ်ပွားခဲ့ရာ ကျောင်းသား/သူ (၇) ဦးသေဆုံးခဲ့ပါသည်။ ထိုသေဆုံးသူကျောင်းသား/သူများ၏မိဘများထံသို့ (၂-၆-၂၀၁၆) ရက်နေ့တွင် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁) ဦးလျှင် ထောက်ပံ့ငွေ ကျပ် (၁၀၀,၀၀၀) တိတိဖြင့် စုစုပေါင်းထောက်ပံ့ငွေ ကျပ် (၇၀၀,၀၀၀) အား သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။ Source: ရခိုင်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ)
-
ဧရာဝတီတိုင်းဒေသကြီး၊ အင်္ဂပူမြို့နယ်၊ လူတော်စုကျေးရွာအုပ်စု၊ အမြိုင်းကျေးရွာတွင် တုံကင်တွင်း (၃) တွင်း တူးဖော်ရန်အတွက် အသုံးစရိတ်ငွေများ ထောက်ပံ့ပေးမှုသတင်း
ဧရာဝတီတိုင်းဒေသကြီး၊ အင်္ဂပူမြို့နယ်၊ လူတော်စုကျေးရွာအုပ်စု၊ အမြိုင်းကျေးရွာတွင် တုံကင်တွင်း (၃) တွင်း တူးဖော်ရန်အတွက် အသုံးစရိတ်ငွေ (၃၃၀၀၀၀/-) ကျပ်သုံးသိန်းသုံးသောင်းတိတိအား (၂-၆-၂၀၁၆) ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ) မှ တိုင်းဒေသကြီးဦးစီးမှူး ဦးသန်းစိုးက ယင်းကျေးရွာမှ တာဝန်ရှိသူများထံ ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။ Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)
-
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၊ ကုန်းတန်းမြောက်ကျေးရွာအုပ်စု၊ လှေဆွဲကျေးရွာနှင့် ယကွင်းဆက်ကျေးရွာ လေးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ပေးမှုသတင်း
(၂၇-၅-၂၀၁၆) ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၊ ကုန်းတန်းမြောက်ကျေးရွာအုပ်စု၊ လှေဆွဲကျေးရွာနှင့် ယကွင်းဆက်ကျေးရွာတို့၌ လေပြင်းတိုက်ခတ်မှုဖြစ်ပွားခဲ့ရာ နေအိမ် (၃) လုံး ပြိုကျခဲ့ပြီး နေအိမ် (၂) လုံး အမိုးလန်ခဲ့ပါသည်။ အဆိုပါပြိုကျနေအိမ် (၃) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုးနှင့် အိမ်ဆောက်ပစ္စည်းဘိုးငွေကျပ် (၁၅၀၀၀၀) ကိုလည်းကောင်း၊ အမိုးလန်နေအိမ် (၂) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၄) မျိုးနှင့် အိမ်ဆောက်ပစ္စည်းဘိုးငွေကျပ် (၄၀၀၀၀) ကိုလည်းကောင်း၊ စုစုပေါင်းလူဦးရေ (၁၆) ဦးအတွက် ဆန်ရိက္ခာ (၃) … Read more
-
ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်၊ ကျွန်းညိုကန့်ဘလာကျေးရွာအုပ်စု၊ ဖိုးရွှေလှော်ရွာတွင် စက်ရေတွင်း (၂၀၀) ပေ တူးဖော်ရန် အသုံးစရိတ်ငွေများအား သက်ဆိုင်ရာကျေးရွာမှ ရပ်မိရပ်ဖနှင့်အဖွဲ့၀င်များထံသို့ လွှဲပြောင်းပေးအပ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ နေပြည်တော် (ရုံးချုပ်) မှ ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်၊ ကျွန်းညိုကန့်ဘလာကျေးရွာအုပ်စု၊ ဖိုးရွှေလှော်ရွာတွင် စက်ရေတွင်း (၂၀၀) ပေ တူးဖော်ရန်အတွက် လွှဲပို့လာသော အသုံးစရိတ်ငွေ (၁၅၃၆၂၀၀/-) ကျပ်တစ်ဆယ့်ငါးသိန်းသုံးသောင်းခြောက်ထောင်နှစ်ရာတိတိအား ဧရာ၀တီတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ) မှ (၁-၆-၂၀၁၆) ရက်နေ့တွင် သက်ဆိုင်ရာကျေးရွာမှ ရပ်မိရပ်ဖနှင့်အဖွဲ့၀င်များထံသို့ လွှဲပြောင်းပေးပြီးဖြစ်ပါကြောင်း သိရှိရပါသည်။ Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)
-
မအူပင်ခရိုင်၊ဓနုဖြူမြို့နယ်၊ကဇွန်းကွင်းကျေးရွာအုပ်စု၊အိုင်အင်းကျေးရွာနှင့်ညောင်ခြေထောက်ကျေးရွာတို့တွင်သောက်ရေသန့်တွင်း(၂)တွင်းတူးဖော်ရန်ကုန်ကျစရိတ်ငွေထောက်ပံ့ပြီးစီးမှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မအူပင်ခရိုင်၊ဓနုဖြူမြို့နယ်၊ကဇွန်းကွင်းကျေးရွာအုပ်စု၊အိုင်အင်းကျေးရွာနှင့်ညောင်ခြေထောက်ကျေးရွာတို့တွင်သောက်ရေသန့်တွင်း(၂)တွင်းတူးဖော်ရန်အတွက်အသုံးစရိတ်ကုန်ကျငွေ(၆၉၂၂၀၀/-)ကျပ်ခြောက်သိန်းကိုးသောင်းနှစ်ထောင်နှစ်ရာတိတိအား(၂-၆-၂၀၁၆)ရက်နေ့တွင်ကျေးရွာအုပ်ချုပ်ရေးမှူးထံသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်းသိရှိရပါသည်၊၊
-
သထုံမြို့နယ်၊ ဒုံဝန်းကျေးရွာရှိ သောက်သုံးရေရှားပါးပြတ်လပ်နေသည့် ပြည်သူများ သောက်သုံးရေရရှိရေးအတွက် စက်ရေတွင်းတူးဖော်သည့် ကုန်ကျစရိတ် (၅၇) သိန်းအား ထောက်ပံ့ပေးမှုသတင်း
မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ဒုံဝန်းကျေးရွာရှိ သောက်သုံးရေရှားပါးပြတ်လပ်နေသည့် ပြည်သူများမှ သောက်သုံးရေအကူအညီတောင်းခံမှုအပေါ် သထုံခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ ခရိုင်ဦးစီးမှူး ဒေါ်လှကေသီမာက သောက်သုံးရေရရှိရေးအတွက် စက်ရေတွင်းတူးဖော်သည့် ကုန်ကျစရိတ် (၅၇) သိန်းအား (၁-၆-၂၀၁၆) ရက်နေ့တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ဒုံဝန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးထံသို့ လွှဲပြောင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။ Source: သထုံခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
ဆင်ပေါင်ဝဲမြို့နယ်အတွင်းရှိ လေဘေးသင့်ပြည်သူများအတွက် ကယ်ဆယ်ရေးပစ္စည်းများအား အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနသို့ လွှဲပြောင်းပေးအပ်မှုသတင်း
ဆင်ပေါင်ဝဲမြို့နယ်အတွင်း မေလအတွင်း၌ ဖြစ်ပွားခဲ့သည့် လေဘေးသင့်အိမ်ထောင်စု (၁၅) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၄) မျိုးကို (၁-၆-၂၀၁၆) ရက်နေ့တွင် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးသည် မြို့နယ်ထွေအုပ်မှ တာဝန်သူတစ်ဦးထံသို့ လွှဲပြောင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရ ပါသည်။ Source: သရက်ခရိုင်ဦးစီးမှူးရုံး (ကဆရ)
