ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ပိုးရွှီပြင်ကျေးရွာရှိ စက်လှေနစ်မြုပ်သေဆုံးသူကျောင်းသား/သူများအား ထောက်ပံ့ပေးမှုသတင်း

ကျောင်းသား/သူ (၃၅) ဦးပါရှိသည့် စက်လှေ (၁) စီးသည် (၁-၆-၂၀၁၆) ရက်နေ့တွင် ပုဏ္ဏားကျွန်းမြို့နယ်၊ ဂန့်ဂေါ်ကျွေးရွာမှ ပိုးရွှီပြင်ကျေးရွာသို့ အပြန်တွင် နစ်မြုပ်မှုဖြစ်ပွားခဲ့ရာ ကျောင်းသား/သူ (၇) ဦးသေဆုံးခဲ့ပါသည်။ ထိုသေဆုံးသူကျောင်းသား/သူများ၏မိဘများထံသို့ (၂-၆-၂၀၁၆) ရက်နေ့တွင် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁) ဦးလျှင် ထောက်ပံ့ငွေ ကျပ် (၁၀၀,၀၀၀) တိတိဖြင့် စုစုပေါင်းထောက်ပံ့ငွေ ကျပ် (၇၀၀,၀၀၀) အား သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။

Source: ရခိုင်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ)

Sign Up

Upcoming Events