ဧရာဝတီတိုင်းဒေသကြီး၊ အင်္ဂပူမြို့နယ်၊ လူတော်စုကျေးရွာအုပ်စု၊ အမြိုင်းကျေးရွာတွင် တုံကင်တွင်း (၃) တွင်း တူးဖော်ရန်အတွက် အသုံးစရိတ်ငွေ (၃၃၀၀၀၀/-) ကျပ်သုံးသိန်းသုံးသောင်းတိတိအား (၂-၆-၂၀၁၆) ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ) မှ တိုင်းဒေသကြီးဦးစီးမှူး ဦးသန်းစိုးက ယင်းကျေးရွာမှ တာဝန်ရှိသူများထံ ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။
Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)