ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ လပွတ္တာခရိုင်ဦးစီးမှူးရုံးမှ တာ၀န်ရှိသူများသည် ဧရာ၀တီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၊ ကြက်ရှာကျေးရွာအုပ်စု၊ ဓနိချောင်းကျေးရွာတွင် (၂၃-၅-၂၀၁၆)ရက်နေ့က လေဘေးဖြစ်ပွားခဲ့ရာ ပြိုကျအိမ်ခြေ (၅)လုံး၊ အိမ်အမိုးလန် (၁၆)လုံး၊ စုစုပေါင်း (၂၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းတန်ဖိုးငွေကျပ် (၅၇၀,၀၀၀)၊ ဘေးသင့်ပြည်သူ (၈၈)ဦး အတွက် ဆန်ရိက္ခာတန်ဖိုးငွေကျပ် (၇၉,၂၀၀)၊ စုစုပေါင်း ထောက်ပံ့ငွေကျပ် (၆၄၉,၂၀၀)အား (၂-၆-၂၀၁၆) ရက်နေ့တွင် ထောက်ပံ့ပေးခဲ့ကြောင်းသိရှိရပါသည်။