ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်၊ ကျွန်းညိုကန့်ဘလာကျေးရွာအုပ်စု၊ ဖိုးရွှေလှော်ရွာတွင် စက်ရေတွင်း (၂၀၀) ပေ တူးဖော်ရန် အသုံးစရိတ်ငွေများအား သက်ဆိုင်ရာကျေးရွာမှ ရပ်မိရပ်ဖနှင့်အဖွဲ့၀င်များထံသို့ လွှဲပြောင်းပေးအပ်မှုသတင်း

ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ နေပြည်တော် (ရုံးချုပ်) မှ ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်၊ ကျွန်းညိုကန့်ဘလာကျေးရွာအုပ်စု၊ ဖိုးရွှေလှော်ရွာတွင် စက်ရေတွင်း (၂၀၀) ပေ တူးဖော်ရန်အတွက် လွှဲပို့လာသော အသုံးစရိတ်ငွေ (၁၅၃၆၂၀၀/-) ကျပ်တစ်ဆယ့်ငါးသိန်းသုံးသောင်းခြောက်ထောင်နှစ်ရာတိတိအား ဧရာ၀တီတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ) မှ (၁-၆-၂၀၁၆) ရက်နေ့တွင် သက်ဆိုင်ရာကျေးရွာမှ ရပ်မိရပ်ဖနှင့်အဖွဲ့၀င်များထံသို့ လွှဲပြောင်းပေးပြီးဖြစ်ပါကြောင်း သိရှိရပါသည်။
Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)

Sign Up

Upcoming Events