(၂၇-၅-၂၀၁၆) ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၊ ကုန်းတန်းမြောက်ကျေးရွာအုပ်စု၊ လှေဆွဲကျေးရွာနှင့် ယကွင်းဆက်ကျေးရွာတို့၌ လေပြင်းတိုက်ခတ်မှုဖြစ်ပွားခဲ့ရာ နေအိမ် (၃) လုံး ပြိုကျခဲ့ပြီး နေအိမ် (၂) လုံး အမိုးလန်ခဲ့ပါသည်။ အဆိုပါပြိုကျနေအိမ် (၃) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုးနှင့် အိမ်ဆောက်ပစ္စည်းဘိုးငွေကျပ် (၁၅၀၀၀၀) ကိုလည်းကောင်း၊ အမိုးလန်နေအိမ် (၂) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၄) မျိုးနှင့် အိမ်ဆောက်ပစ္စည်းဘိုးငွေကျပ် (၄၀၀၀၀) ကိုလည်းကောင်း၊ စုစုပေါင်းလူဦးရေ (၁၆) ဦးအတွက် ဆန်ရိက္ခာ (၃) ရက်စာဘိုးငွေကျပ် (၁၄၄၀၀) ကိုလည်းကောင်း စုစုပေါင်းရန်ပုံငွေ (၂၀၄၄၀၀) ကျပ်တိတိအား (၂-၆-၂၀၁၆) ရက်နေ့တွင် လေဘေးသင့်ပြည်သူများထံသို့ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူတစ်ဦးက သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။
Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)