Author Archives: RRD

  • လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ (၇)ပေသွပ် (၁၀၀၀၀) ချပ်ကို ကချင်ပြည်နယ်အစိုးရအဖွဲ့သို့ ပေးပို့မှုသတင်း

    ကချင်ပြည်နယ်အတွင်း သဘာဝဘေးအန္တရာယ်ဖြစ်ပွားသည့်ဒေသများအား ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ကချင်ပြည်နယ်အစိုးရအဖွဲ့သို့ ထောက်ပံ့သော (၇)ပေသွပ် (၁၀၀၀၀ ) ချပ်သည် ကုန်တင်ယာဉ် (၂) စီးဖြင့် ရန်ကုန်မြို့မှ (၁-၆-၂၀၁၆) ရက်နေ့တွင် စတင်ထွက်ခွာခဲ့ရာ မြစ်ကြီးနားမြို့သို့ (၅-၆-၂၀၁၆ ) ရက်နေ့တွင် ရောက်ရှိခဲ့ပြီး ကုန်သွယ်လယ်ယာသိုလှောင်ရုံတွင် စုပုံထားရှိခဲ့ကာ ပြည်နယ်အစိုးရအဖွဲ့အစီအစဉ်ဖြင့် ဘေးသင့်ဒေသများသို့ ထောက်ပံ့သွားမည်ဖြစ်ပါကြောင်း သိရှိရပါသည်။ Source: ကချင်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ)

  • ကဏ္ဍပေါင်းစုံကနဦးအကဲဖြတ်လေ့လာဆန်းစစ်မှုပုံစံ MIRA သင်တန်းဖွင့်လှစ်မှုသတင်း

    (၇-၆-၂၀၁၆) ရက်နေ့၊ (၀၉:၀၀) နာရီအချိန်တွင် ပုသိမ်မြို့၊ ပုသိမ်ဟိုတယ်၌ ဧရာဝတီတိုင်းဒေသကြီးကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနနှင့် ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) တို့ ပူးပေါင်းပြုလုပ်သည့် “ကဏ္ဍပေါင်းစုံကနဦးအကဲဖြတ်လေ့လာဆန်းစစ်မှုပုံစံ MIRA သင်တန်း” ကို ဖွင့်လှစ်ခဲ့ရာ ဧရာ၀တီတိုင်းဒေသကြီးဦးစီးမှူး ဦးသန်းစိုး (ညွှန်ကြားရေးမှူး) မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး သင်တန်းသို့ သဘာ၀ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုတွင် ပါဝင်ဆောင်ရွက်နေသော ပုသိမ်မြို့ရှိ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မီးသတ်ဦးစီးဌာန၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ လူမှုရေးအဖွဲ့အစည်းများ၊ စုစုပေါင်းအင်အား (၆၀) ဦး တက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ (၇-၆-၂၀၁၆) ရက်နေ့မှ (၈-၆-၂၀၁၆) … Read more

Sign Up

Upcoming Events