Author Archives: RRD
-
ပြည်ထောင်စုနယ်မြေအတွင်း လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ပေးမှုသတင်း
(၃၀-၄-၂၀၁၆) ရက်နေ့မှ (၃-၅-၂၀၁၆) ရက်နေ့အတွင်း ပြည်ထောင်စုနယ်မြေရှိ တပ်ကုန်းမြို့နယ်၊ လယ်ဝေးမြို့နယ်၊ ပျဉ်းမနားမြို့နယ်၊ ဒက္ခိဏသီရိမြို့နယ်နှင့် ဇေယျာသီရိမြို့နယ်တို့၌ လေပြင်းတိုက်ခတ်မှုဖြစ်ပွားခဲ့ရာ လေဘေးကြောင့်ထိခိုက်ပျက်စီးခဲ့သည့် တပ်ကုန်းမြို့နယ်အတွက် ထောက်ပံ့ရန်ပုံငွေစုစုပေါင်း (၂၈၆၇၈၁၀၀) ကျပ်တိတိကိုလည်းကောင်း၊ လယ်ဝေးမြို့နယ်အတွက် ထောက်ပံ့ရန်ပုံငွေစုစုပေါင်း (၄၂၅၄၄၀၀) ကျပ်တိတိကိုလည်းကောင်း၊ ပျဉ်းမနားမြို့နယ်အတွက် ထောက်ပံ့ရန်ပုံငွေစုစုပေါင်း (၂၂၉၆၇၀၀) ကျပ်တိတိကိုလည်းကောင်း၊ ဒက္ခိဏသီရိမြို့နယ်အတွက် ထောက်ပံ့ရန်ပုံငွေစုစုပေါင်း (၇၄၄၀၀) ကျပ်တိတိကိုလည်းကောင်း၊ ဇေယျာသီရိမြို့နယ်အတွက် ထောက်ပံ့ရန်ပုံငွေစုစုပေါင်း (၉၃၅၀၀) ကျပ်တိတိကိုလည်းကောင်း၊ စုစုပေါင်းမြို့နယ် (၅) မြို့နယ်အတွက် ထောက်ပံ့ငွေပေါင်း (၃၅၃၉၇၁၀၀) ကျပ်တိတိကို (၇-၆-၂၀၁၆) ရက်နေ့တွင် … Read more
-
ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ အုန်းပင်ကျေးရွာအုပ်စု၊ ရွာသစ်ကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ အပြည်ပြည်ဆိုင်ရာသဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အခမ်းအနား ကျင်းပပြုလုပ်မှုသတင်း
ဖျာပုံခရိုင်ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနသည် LWF အဖွဲ့တို့နှင့်ပူးပေါင်း၍ ဒေးဒရဲမြို့နယ်၊ အုန်းပင်ကျေးရွာအုပ်စု၊ ရွာသစ်ကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ အပြည်ပြည်ဆိုင်ရာသဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အခမ်းအနားတွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာများ ဆွေးနွေးဟောပြောခဲ့ပြီး တက်ရောက်လာသူများနှင့်အတူ အရိပ်ရလေကာပင်များအား စုပေါင်းစိုက်ပျိုးခဲ့ကြောင်း သိရှိရပါသည်။ Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
သောက်သုံးရေရှားပါးပြတ်လပ်သဖြင့် အဝီစိတွင်းတူးရန် တင်ပြတောင်းခံထားသည့် ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ မရမ်းအနောက်ကျေးရွာနှင့် ဖျာပုံမြို့နယ်၊ ဆိတ်မကျေးရွာများအတွက် ထောက်ပံ့ငွေများ ပေးအပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန Call Centre သို့ သောက်သုံးရေရှားပါးပြတ်လပ်သဖြင့် အဝီစိတွင်းတူးရန် တင်ပြတောင်းခံထားသော ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ မရမ်းအနောက်ကျေးရွာအတွက် ငွေကျပ် (၁၅၅၀၀၀၀) နှင့် ဖျာပုံမြို့နယ်၊ ဆိတ်မကျေးရွာအတွက် ငွေကျပ် (၁၅၆၀၀၀၀) တိတိတို့အား (၁၀-၆-၂၀၁၆) ရက်နေ့တွင် ဖျာပုံခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ ခရိုင်ဦးစီးမှူးက တာဝန်ရှိသူများထံသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။ Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
လယ်ဝေးမြို့နယ်၊ ပေတုန်းမြှောင်ကျေးရွာတွင် လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် ဘေးသင့်ခဲ့သည့် ပြည်သူများအတွက် ထောက်ပံ့ပေးမှုသတင်း
(၉-၆-၂၀၁၆) ရက်နေ့၊ (၁၅:၂၅) နာရီအချိန်တွင် ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်၊ ပေတုန်းမြှောင်ကျေးရွာ၌ လေဆင်နှာမောင်းတိုက်ခတ်ခဲ့မှုကြောင့် အိမ်ခြေ (၁၂) လုံး အမိုးလန်ခဲ့ပြီး အိမ်ခြေ (၂) လုံး ပြိုလဲခဲ့ပါသည်။ အဆိုပါအမိုးလန်အိမ်ခြေ (၁၂) လုံးမှ အိမ်ထောင်စု (၁၂) စုအတွက်နှင့် ပြိုလဲအိမ်ခြေ (၂) လုံးမှ အိမ်ထောင်စု (၂) စုအတွက် ကယ်ဆယ်ရေးပစ္စည်းများကို ပြည်ထောင်စုနယ်မြေတိုင်းဦးစီးမှူးရုံး (ကဆရ) မှ တိုင်းဦးစီးမှူးနှင့် တာဝန်ရှိသူများက (၁၀- ၆- ၂၀၁၆) ရက်နေ့တွင် ကွင်းဆင်းထောက်ပံ့ခဲ့ကြောင်း သိရှိရပါသည်။ … Read more
-
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ဘိုရားကြီးကျေးရွာတွင် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအသိပညာပေးဆွေးနွေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
(၁၀-၆-၂၀၁၆) ရက်နေ့တွင် သထုံခရိုင်ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၏ ဦးဆောင်မှုဖြင့် ကျိုက်ထိုမြို့နယ်၊ ဘိုရားကြီးကျေးရွာတွင် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအသိပညာပေးဆွေးနွေးဟောပြာပွဲ ကျင်းပပြုလုပ်ခဲ့ပြီး တက်ရောက်လာကြသည့် ပြည်သူများအား သဘာဝဘေးအသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။ Source: သထုံခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးမှုတိုးတက်ရေး အကောင်အထည်ဖော်ရေးဗဟိုကော်မတီ၊ ဒေသတွင်းပြန်လည်နေရာချထားရေးနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၁၆) ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန စုပေါင်းအစည်းအဝေးခန်းမ၌ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးမှုတိုးတက်ရေး အကောင်အထည်ဖော်ရေးဗဟိုကော်မတီ၊ ဒေသတွင်းပြန်လည်နေရာချထားရေးနှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၁၆) ကို ဇွန်လ (၁၀) ရက်နေ့ (၁၃း၀၀) နာရီအချိန် ကျင်းပပြုလုပ်ခဲ့ရာ ကော်မတီဥက္ကဌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးမှ အမှာစကာပြောကြားရာတွင် ယခုအစည်းအဝေးသည် အရေးကြီးသည့် အစည်းအဝေးဖြစ်ကြောင်း၊ အစိုးရအဖွဲ့အသစ်အနေနဲ့ ပြည်သူကို ရှေ့ရှုပြီး ပြည်သူ့လိုအပ်ချက်ကို ဖြည့်ဆည်း ဆောင်ရွက်ပေးနေကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် ရခိုင်ပြည်နယ်သည် ဖွံ့ဖြိုးတိုးတက်မှု၊ ဆင်းရဲနွမ်းပါးမှု၊ ဒုတိယအနိမ့်ဆုံး … Read more
-
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ဒေါက်တာဝင်းမြတ်အေး အား Mercy Malaysia (Myanmar) မှ လာရောက်တွေ့ဆုံခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ မေခလာခန်းမတွင် ဇွန်လ (၁၀) ရက်နေ့၊ နေ့လည် (၁၅:၃၀) နာရီအချိန်တွင်ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာ ဝင်းမြတ်အေး အား Mercy Malaysia(Myanmar) မှ Country Director ဖြစ်သူ Mr.Vladimir Arcilla Hernandez ဦးဆောင်သောအဖွဲ့မှ လာရောက်တွေ့ဆုံခဲ့ပါသည်။ ထိုသို့တွေ့ဆုံရာ၌ သဘာဝဘေးအန္တရာယ်လျော့ချရေးလုပ်ငန်းများ သဘာဝဘေးအန္တရာယ်ခံနိုင်ရည်ရှိသည့် လူမှုအသိုင်းအဝန်းပေါ်ပေါက်လာရေးလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်ရန်ကိစ္စရပ်များ၊ ရခိုင်ပြည်နယ်တွင် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်နိုင်မည့် ကိစ္စရပ်များ၊ ဝန်ကြီးဌာနနှင့် နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုးရေးကိစ္စများကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ပါသည်။
-
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့နယ်ရေဘေးသင့်ပြည်သူများအတွက် ကူညီထောက်ပံ့မှုများ ဆောင်ရွက်လျက်ရှိခြင်း
၁။ စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့နယ်အတွင်း၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် (၉-၆-၂၀၁၆)နေ့ (၀၃:၀၀)အချိန်ခန့်မှစတင်၍ ရပ်ကွက်/ကျေးရွာများအတွင်း ရေများ၀င်ရောက်ခဲ့ရာ အိမ်ထောင်စု(၅၅၂၈)စုခန့် ရေဘေးဒုက္ခကြုံတွေ့လျက်ရှိကြောင်းသိရှိရသဖြင့် (၉-၆-၂၀၁၆)နေ့တွင် ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးဆောင်သောအဖွဲ့သည် နေပြည်တော်မှလည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးနှင့်အဖွဲ့သည် မုံရွာမြို့မှလည်းကောင်း ဘေးဖြစ်ဒေသသို့သွားရောက်ကာ ကူညီထောက်ပံ့မှုများ ဆောင်ရွက်လျက်ရှိပါသည်။ (၁၀-၆-၂၀၁၆)နေ့ (၀၇:၀၀)အချိန်တွင် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်သည် တိုင်းလွှတ်တော်ကိုယ်စားလှယ်များ၊ ကောလင်းမြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ဌာနဆိုင်ရာ အဖွဲ့အစည်းများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနနှင့် မီးသတ်ဦးစီးဌာနတို့မှ တိုင်းဦးစီးမှူးများနှင့်အတူ … Read more
-
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ နတ္တလင်းမြို့နယ်၊ ကြခတ်ဝါးရုံကျေးရွာ အုပ်စုတွင် “ရပ်ရွာအခြေပြု သဘာဝဘေး အန္တရာယ်လျော့ပါးရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ” ကျင်းပပြုလုပ်မှုသတင်း
(၉-၆-၂၀၁၆) ရက်နေ့တွင် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပထမရက်(၁၀၀) စီမံချက်အရ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ နတ္တလင်းမြို့နယ်၊ ကြခတ်ဝါးရုံကျေးရွာအုပ်စု၌ ဆောင်ရွက်သည့် “ရပ်ရွာအခြေပြု သဘာဝဘေးအန္တရာယ်လျော့ပါးရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ”ကို ကျင်းပပြုလုပ်ခဲ့ရာ ကျေးရွာပြည်သူလူထု (၁၀၀) ကျော်ခန့် တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။ Source: ပြည်ခရိုင်ဦးစီးမှူးရုံး(ကဆရ)
-
ဝမ်တောင်းကျေးရွာတွင် သဘာဝဘေးအသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
(၉-၆-၂၀၁၆) ရက်နေ့တွင် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဝမ်တောင်းကျေးရွာတွင် သဘာဝဘေး အသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ရာ ကျောင်သား/သူများနှင့် ကျေးရွာပြည်သူ လူထု (၈၀) ဦး တက်ရောက်ခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေ ပေးခဲ့ပါသည်။ အဆိုပါ ဟောပြောပွဲတွင် ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှ ကျေးရွာအုပ်ချုပ်ရေးမှူးအား နံရံကပ်ပိုစတာများ ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။ Source: ကျိုင်းတုံခရိုင်ဦးစီးမှူးရုံး (ကဆရ)
