စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့နယ်ရေဘေးသင့်ပြည်သူများအတွက် ကူညီထောက်ပံ့မှုများ ဆောင်ရွက်လျက်ရှိခြင်း

f-6 f-5 f-4 f-3 f-2 f-1

 

 

 

 

 

၁။        စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့နယ်အတွင်း၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် (၉-၆-၂၀၁၆)နေ့ (၀၃:၀၀)အချိန်ခန့်မှစတင်၍ ရပ်ကွက်/ကျေးရွာများအတွင်း ရေများ၀င်ရောက်ခဲ့ရာ အိမ်ထောင်စု(၅၅၂၈)စုခန့် ရေဘေးဒုက္ခကြုံတွေ့လျက်ရှိကြောင်းသိရှိရသဖြင့် (၉-၆-၂၀၁၆)နေ့တွင် ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးဆောင်သောအဖွဲ့သည် နေပြည်တော်မှလည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးနှင့်အဖွဲ့သည် မုံရွာမြို့မှလည်းကောင်း ဘေးဖြစ်ဒေသသို့သွားရောက်ကာ ကူညီထောက်ပံ့မှုများ ဆောင်ရွက်လျက်ရှိပါသည်။ (၁၀-၆-၂၀၁၆)နေ့ (၀၇:၀၀)အချိန်တွင် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်သည် တိုင်းလွှတ်တော်ကိုယ်စားလှယ်များ၊ ကောလင်းမြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ဌာနဆိုင်ရာ အဖွဲ့အစည်းများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနနှင့် မီးသတ်ဦးစီးဌာနတို့မှ တိုင်းဦးစီးမှူးများနှင့်အတူ ရေဘေး ကယ်ဆယ်ရေးလုပ်ငန်းညှိနှိုင်းအစည်းအ‌ဝေးကျင်းပခဲ့ရာ လက်ရှိရေဘေးဖြစ်ပွားမှုအခြေအနေများ၊ ကူညီကယ်ဆယ်ရေးဆောင်ရွက်နေမှုအခြေအနေများ၊ လတ်တလောလိုအပ်မှုများနှင့် ရေရှည်အတွက် ကြိုတင်ကာကွယ်ဆောင်ရွက်ရန် လိုအပ်မှုများကို ဝိုင်း၀န်းဆွေးနွေးခဲ့ကြပါသည်။

၂။        ကောလင်းမြို့နယ်၊ ရေဘေးသင့်ပြည်သူများအတွက် လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး၀န်ကြီးဌာနမှ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၂,၂၇,၁၇,၈၀၀/-)၊ ရေလွှမ်းမိုးသည့် ရေတွင်း များမှရေစုပ်ယူရာတွင် ကုန်ကျမည့် စက်သုံးဆီဖိုး ထောက်ပံ့ငွေ(၁၆,၀၀,၀၀၀/-)နှင့် ခေါက်ဆွဲခြောက်များ ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။

Sign Up

Upcoming Events