ပြည်ထောင်စုနယ်မြေအတွင်း လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ပေးမှုသတင်း

(၃၀-၄-၂၀၁၆) ရက်နေ့မှ (၃-၅-၂၀၁၆) ရက်နေ့အတွင်း ပြည်ထောင်စုနယ်မြေရှိ တပ်ကုန်းမြို့နယ်၊ လယ်ဝေးမြို့နယ်၊ ပျဉ်းမနားမြို့နယ်၊ ဒက္ခိဏသီရိမြို့နယ်နှင့် ဇေယျာသီရိမြို့နယ်တို့၌ လေပြင်းတိုက်ခတ်မှုဖြစ်ပွားခဲ့ရာ လေဘေးကြောင့်ထိခိုက်ပျက်စီးခဲ့သည့် တပ်ကုန်းမြို့နယ်အတွက် ထောက်ပံ့ရန်ပုံငွေစုစုပေါင်း (၂၈၆၇၈၁၀၀) ကျပ်တိတိကိုလည်းကောင်း၊ လယ်ဝေးမြို့နယ်အတွက် ထောက်ပံ့ရန်ပုံငွေစုစုပေါင်း (၄၂၅၄၄၀၀) ကျပ်တိတိကိုလည်းကောင်း၊ ပျဉ်းမနားမြို့နယ်အတွက် ထောက်ပံ့ရန်ပုံငွေစုစုပေါင်း (၂၂၉၆၇၀၀) ကျပ်တိတိကိုလည်းကောင်း၊ ဒက္ခိဏသီရိမြို့နယ်အတွက် ထောက်ပံ့ရန်ပုံငွေစုစုပေါင်း (၇၄၄၀၀) ကျပ်တိတိကိုလည်းကောင်း၊ ဇေယျာသီရိမြို့နယ်အတွက် ထောက်ပံ့ရန်ပုံငွေစုစုပေါင်း (၉၃၅၀၀) ကျပ်တိတိကိုလည်းကောင်း၊ စုစုပေါင်းမြို့နယ် (၅) မြို့နယ်အတွက် ထောက်ပံ့ငွေပေါင်း (၃၅၃၉၇၁၀၀) ကျပ်တိတိကို (၇-၆-၂၀၁၆) ရက်နေ့တွင် ပြည်ထောင်စုနယ်မြေတိုင်းဦးစီးမှူးရုံး (ကဆရ) မှ တိုင်းဦးစီးမှူးက လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။

Source: ပြည်ထောင်စုနယ်မြေတိုင်းဦးစီးမှူးရုံး (ကဆရ)

Sign Up

Upcoming Events