လယ်ဝေးမြို့နယ်၊ ပေတုန်းမြှောင်ကျေးရွာတွင် လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် ဘေးသင့်ခဲ့သည့် ပြည်သူများအတွက် ထောက်ပံ့ပေးမှုသတင်း

(၉-၆-၂၀၁၆) ရက်နေ့၊ (၁၅:၂၅) နာရီအချိန်တွင် ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်၊ ပေတုန်းမြှောင်ကျေးရွာ၌ လေဆင်နှာမောင်းတိုက်ခတ်ခဲ့မှုကြောင့် အိမ်ခြေ (၁၂) လုံး အမိုးလန်ခဲ့ပြီး အိမ်ခြေ (၂) လုံး ပြိုလဲခဲ့ပါသည်။ အဆိုပါအမိုးလန်အိမ်ခြေ (၁၂) လုံးမှ အိမ်ထောင်စု (၁၂) စုအတွက်နှင့် ပြိုလဲအိမ်ခြေ (၂) လုံးမှ အိမ်ထောင်စု (၂) စုအတွက် ကယ်ဆယ်ရေးပစ္စည်းများကို ပြည်ထောင်စုနယ်မြေတိုင်းဦးစီးမှူးရုံး (ကဆရ) မှ တိုင်းဦးစီးမှူးနှင့် တာဝန်ရှိသူများက (၁၀- ၆- ၂၀၁၆) ရက်နေ့တွင် ကွင်းဆင်းထောက်ပံ့ခဲ့ကြောင်း သိရှိရပါသည်။
Source: ပြည်ထောင်စုနယ်မြေတိုင်းဦးစီးမှူးရုံး (ကဆရ)