သောက်သုံးရေရှားပါးပြတ်လပ်သဖြင့် အဝီစိတွင်းတူးရန် တင်ပြတောင်းခံထားသည့် ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ မရမ်းအနောက်ကျေးရွာနှင့် ဖျာပုံမြို့နယ်၊ ဆိတ်မကျေးရွာများအတွက် ထောက်ပံ့ငွေများ ပေးအပ်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန Call Centre သို့ သောက်သုံးရေရှားပါးပြတ်လပ်သဖြင့် အဝီစိတွင်းတူးရန် တင်ပြတောင်းခံထားသော ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ မရမ်းအနောက်ကျေးရွာအတွက် ငွေကျပ် (၁၅၅၀၀၀၀) နှင့် ဖျာပုံမြို့နယ်၊ ဆိတ်မကျေးရွာအတွက် ငွေကျပ် (၁၅၆၀၀၀၀) တိတိတို့အား (၁၀-၆-၂၀၁၆) ရက်နေ့တွင် ဖျာပုံခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ ခရိုင်ဦးစီးမှူးက တာဝန်ရှိသူများထံသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။
Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ကဆရ)

Sign Up

Upcoming Events