Author Archives: RRD

  • “Towards a Safe and Resilient Myanmar” Translating Global and Regional DRR and Resilience rameworks into National Actions through a New MAPDRR အလုပ်ရုံဆွေးနွေးပွဲ ကျင်းပပြုလုပ်မှုသတင်း

    မြန်မာနိုင်ငံသဘာဝဘေးလျော့ပါးရေးလုပ်ငန်းစီမံချက် (Myanmar Action Plan on Disaster Risk Reduction – MAPDRR) ကို လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာနကဦးဆောင်၍ အစိုးရဌာနဆိုင်ရာများ၊ UN Agencies၊ NGOsများ ကိုယ်စားလှယ်များ၊  စုစုပေါင်း(၁၀၀)ဦး ခန့်တက်ရောက်ခဲ့ပါသည်။ အဆိုပါ အစည်းအဝေးပွဲ (MAPDRR) အကောင်အထည် ဖော်ဆောင်ရွက်မှုမှရရှိလာသည့် သင်ခန်းစာများ၊ အောင်မြင်မှု ရလဒ်များကို အခြေခံ၍ ဒေသတွင်းနှင့် ကမ္ဘာလုံးဆိုင်ရာ ကတိကဝတ်များဖြစ်သည့် စဥ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်များ၊ သဘာဝဘေး လျော့ပါးရေး အတွက် ဆန်ဒိုင်းမူဘောင် … Read more

  • ဧရာဝတီတိုင်းဒေသကြီး၊ ငါးသိုင်းချောင်းမြို့ နယ်အတွင်း ကမ်းပြိုမှုဘေးနှင့် လေဘေးဖြစ်ပွားမှုများ အား ထောက်ပံ့မှုသတင်း

    ဧရာဝတီတိုင်းဒေသကြီး၊ ငါးသိုင်းချောင်းမြို့၊ ရွှေကျောင်းပိုင်းကျေးရွာတွင် (၁၂-၆-၂၀၁၆) ရက်နေ့၌ ဖြစ်ပွားခဲ့သော ကမ်းပြိုမှုကြောင့် ပြိုကျပျက်စီး ခဲ့သည့် နေအိမ်(၂)လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း(၉)မျိုး၊ အိမ်ဆောက် ပစ္စည်းဖိုး(၁၀၀၀၀၀/-)ကျပ်၊ လူဦးရေ(၆)ဦးအတွက် ဆန်ရိက္ခာ (၃)ရက်စာ (၅၄၀၀/-)ကျပ်၊ စုစုပေါင်း (၁၀၅၄၀၀/-)ကျပ်နှင့် ကျုံတာကျေးရွာတွင် (၁၃-၆-၂၀၁၆) ရက်နေ့၌ ဖြစ်ပွားခဲ့သော လေဘေးကြောင့် အမိုးလန် ပျက်စီးခဲ့ သည့် နေအိမ်(၂)လုံးအတွက် ကယ်ဆယ်ရေး ပစ္စည်း(၄)မျိုး၊ အိမ်ဆောက် ပစ္စည်းဖိုး(၄၀၀၀၀/-)ကျပ်၊ လူဦးရေ(၁၁)ဦးအတွက် ဆန်ရိက္ခာ(၃)ရက်စာ (၉၉၀၀/-)ကျပ်၊ စုစုပေါင်း (၄၉၉၀၀/-)ကျပ်၊ ကယ်ဆယ်ရေးရန်ပုံငွေစုစုပေါင်း (၁၅၅၃၀၀/-)ကျပ်အား (၁၅-၆-၂၀၁၆)ရက်နေ့တွင် … Read more

  • မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်၊ ကွင်းကလိန်ကျေးရွာ လေဘေးသင့်ပြည်သူများအတွက်ထောက်ပံ့မှုသတင်း

    မွန်ပြည် နယ်၊ ချောင်းဆုံမြို့နယ်၊ ကွင်းကလိန်ကျေးရွာတွင် (၁၁-၆-၂၀၁၆) ရက်နေ့၌ လေပြင်းတိုက်ခတ်မှုဖြစ်ပွားခဲ့ရာနေအိမ် (၁) လုံးပြိုကျ ပျက်စီးခဲ့ပါသည်၊၊ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံး မှ တာဝန် ရှိ သူများသည် (၁၃-၆၂၀၁၆)ရက်နေ့၌ အဆိုပါ လေဘေးသင့်ပြည်သူများအတွက် ကယ်ဆယ်ရေး ပစ္စည်း(၉)မျိုးတစ်အိမ်ထောင်စာ ဆန်ရိက္ခာဖိုး(၃)ရက်စာနှင့် အိမ်ဆောက်ပစ္စည်းဖိုးငွေစုစုပေါင်း(၅၂၇၀၀)ကျပ်တို့အား သွားရောက်ထောက် ပံ့ပေး အပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

  • ဧရာ၀တီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်၊ ရှောပြာကျေးရွာအုပ်စုအတွင်းရှိ ရေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

    (၁၃-၆-၂၀၁၆) ရက်နေ့တွင် ဧရာ၀တီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်၊ ရှောပြာကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများတွင် မိုးအဆက်မပြတ်ရွာသွန်းပြီး တောင်ကျရေစီးဆင်းမှုကြောင့် ရှောပြာချောင်းရေတိုးလာပြီး နေအိမ်များရေ၀င်နစ်မြုပ်ခဲ့သည့် ကင်ပွန်းချဉ်ဆိပ်/ဂမုန်းကွင်း ကျေးရွာ အိမ်ထောင်စု (၅၀) စုမှ လူဦးရေ (၂၀၂) ဦး၊ ဥယျာဉ်ချောင်း‌ကျေးရွာ အိမ်ထောင်စု (၁၀၀) စုမှ လူဦးရေ (၃၈၅) ဦး၊  ရှောပြာအောက်ကျဉ်းကျေးရွာ အိမ် ထောင်စု (၄၀) စုမှ လူဦးရေ (၁၇၁) ဦး၊     အောက်ကလပ်ချီ‌ကျေးရွာ အိမ်ထောင်စု (၁၀၀) စုမှ လူဦးရေ (၃၉၇) ဦး၊  စုစုပေါင်း … Read more

  • ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ကြို့ပင်ကောက်မြို့နယ်၊ ငှက်ကြီးသိုက်ကျေးရွာရှိ လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

    ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ကြို့ပင်ကောက်မြို့နယ်၊ ငှက်ကြီးသိုက်ကျေးရွာတွင် (၁၈-၅-၂၀၁၆) ရက်နေ့၌ ဖြစ်ပွားခဲ့သောလေဘေးကြောင့် ရပ်ကွက် (၃) ခု၊ ကျေးရွာ (၉) ရွာမှ အမိုးလန်အိမ်ခြေ (၁၈) လုံးအတွက် ထပ်မံထောက်ပံ့ငွေ တစ်အိမ်လျှင် (၂၀၀၀၀/-) ကျပ်နှုန်းဖြင့် (၃၆၀၀၀၀/-) ကျပ်တို့အားလည်းကောင်း၊ (၉-၆-၂၀၁၆) ရက်နေ့၌ ဖြစ်ပွားသောလေဘေးကြောင့် အမိုးလန်အိမ်ခြေ (၁) လုံးမှ အိမ်ထောင်စုတစ်စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၄) မျိုး၊ ဆန်ဖိုးငွေ (၉၀၀/-) ကျပ်တို့အားလည်းကောင်း (၁၄-၆-၂၀၁၆) ရက်နေ့တွင် ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးသည် … Read more

Sign Up

Upcoming Events