ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ကြို့ပင်ကောက်မြို့နယ်၊ ငှက်ကြီးသိုက်ကျေးရွာရှိ လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ကြို့ပင်ကောက်မြို့နယ်၊ ငှက်ကြီးသိုက်ကျေးရွာတွင် (၁၈-၅-၂၀၁၆) ရက်နေ့၌ ဖြစ်ပွားခဲ့သောလေဘေးကြောင့် ရပ်ကွက် (၃) ခု၊ ကျေးရွာ (၉) ရွာမှ အမိုးလန်အိမ်ခြေ (၁၈) လုံးအတွက် ထပ်မံထောက်ပံ့ငွေ တစ်အိမ်လျှင် (၂၀၀၀၀/-) ကျပ်နှုန်းဖြင့် (၃၆၀၀၀၀/-) ကျပ်တို့အားလည်းကောင်း၊ (၉-၆-၂၀၁၆) ရက်နေ့၌ ဖြစ်ပွားသောလေဘေးကြောင့် အမိုးလန်အိမ်ခြေ (၁) လုံးမှ အိမ်ထောင်စုတစ်စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၄) မျိုး၊ ဆန်ဖိုးငွေ (၉၀၀/-) ကျပ်တို့အားလည်းကောင်း (၁၄-၆-၂၀၁၆) ရက်နေ့တွင် ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးသည် လွှဲပြောင်းထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။

Sign Up

Upcoming Events