မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ်၊ မကျည်းကန်အုပ်စု အလယ်ကုန်းကျေးရွာရှိရေကန်ကြီး (၂၀၀x၂၀၀) ပေအား ပြန်လည်ပြုပြင်ရန်အတွက် ဦးစိန်ဝင်း+ဒေါ်ခင်သန်းကြည် မိသားစု ကျောက်စိမ်းတောင် ကျောက်မျက်ကုမ္ပဏီမှ (၆၀၀၀၀၀၀/-) ကျပ်ကို လှူဒါန်းခဲ့ရာ မကွေးတိုင်းဒေသကြီးဦးစီးမှူး(ကဆရ) ဦးမြင့်စိုးမှ လက်ခံရယူပြီး ရေကန်ဖြစ်မြောက်ရေးကော်မတီထံသို့ (၁၄-၆-၂၀၁၆) ရက်နေ့တွင် ပြန်လည် လွှဲပြောင်း ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။