(၁၃-၆-၂၀၁၆) ရက်နေ့တွင် ဧရာ၀တီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်၊ ရှောပြာကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများတွင် မိုးအဆက်မပြတ်ရွာသွန်းပြီး တောင်ကျရေစီးဆင်းမှုကြောင့် ရှောပြာချောင်းရေတိုးလာပြီး နေအိမ်များရေ၀င်နစ်မြုပ်ခဲ့သည့် ကင်ပွန်းချဉ်ဆိပ်/ဂမုန်းကွင်း ကျေးရွာ အိမ်ထောင်စု (၅၀) စုမှ လူဦးရေ (၂၀၂) ဦး၊ ဥယျာဉ်ချောင်းကျေးရွာ အိမ်ထောင်စု (၁၀၀) စုမှ လူဦးရေ (၃၈၅) ဦး၊ ရှောပြာအောက်ကျဉ်းကျေးရွာ အိမ် ထောင်စု (၄၀) စုမှ လူဦးရေ (၁၇၁) ဦး၊ အောက်ကလပ်ချီကျေးရွာ အိမ်ထောင်စု (၁၀၀) စုမှ လူဦးရေ (၃၉၇) ဦး၊ စုစုပေါင်း အိမ်ထောင်စု (၂၉၀) စု မှ လူဦးရေ (၁၁၅၅) ဦး ရေဘေးသင့်ခဲ့ရပါသည်။
အဆိုပါ ရေဘေးသင့်အိမ်ထောင်စုများအား (၁၄-၆-၂၀၁၆) ရက်နေ့တွင် ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာ ချထားရေးဦးစီးဌာန၊ ဧရာ၀တီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာ၀န်ရှိသူများနှင့် ဧရာ၀တီတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာစိုးဝင်းတို့မှ သွားရောက်၍ ရှောပြာကျေးရွာအုပ်ချုပ်ရေးမှူးရုံး၌ ရေဘေး သင့်ပြည်သူ (၂၀၀) ဦး နှင့်တွေ့ဆုံ၍ အားပေးစကားပြောကြားခြင်း၊ ရေဘေးသင့်ပြည်သူ (၁၁၅၅) ဦးအတွက် ဆန်ရိက္ခာ (၃) ရက်စာ ရန်ပုံငွေ ကျပ် (၁၀၃၉၅၀၀/-) ထောက်ပံ့ခြင်းနှင့် ရေဝင်နစ်မြုပ်ခဲ့သည့် ရှောပြာကျေးရွာ အတွင်းရှိ နေအိမ်များအား လှည့်လည်ကြည့်ရှုခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။