ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့နယ်၊ ဘက်ရဲမြို့၊ ရပ်ကွက် (၁)၊ ရပ်ကွက် (၂) နှင့် ကျေးအုပ်စုအချို့တို့ တွင် (၉-၆-၂၀၁၆) ရက်မှ (၁၀-၆-၂၀၁၆) ရက်နေ့ထိဖြစ်ပွားခဲ့သော ရေဘေးကြောင့် ဘေးဒုက္ခကြုံတွေ့ခဲ့ရသည့် လူဦးရေစုစုပေါင်း (၆၄၀) ဦးအတွက် ဆန်ရိက္ခာ (၃) ရက်စာ (၅၇၆၀၀၀/-) ကျပ်၊ ပြိုလဲအိမ်ခြေ (၂) လုံးအတွက် (၁၀၀၀၀၀/-) ကျပ်၊ သေဆုံးသူ (၁) ဦးအတွက် (၁၀၀၀၀၀/-) ကျပ် စုစုပေါင်း (၇၇၆၀၀၀/-) ကို (၁၂-၆-၂၀၁၆) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။