ဧရာဝတီတိုင်းဒေသကြီး၊ ငါးသိုင်းချောင်းမြို့ နယ်အတွင်း ကမ်းပြိုမှုဘေးနှင့် လေဘေးဖြစ်ပွားမှုများ အား ထောက်ပံ့မှုသတင်း

ဧရာဝတီတိုင်းဒေသကြီး၊ ငါးသိုင်းချောင်းမြို့၊ ရွှေကျောင်းပိုင်းကျေးရွာတွင် (၁၂-၆-၂၀၁၆) ရက်နေ့၌ ဖြစ်ပွားခဲ့သော ကမ်းပြိုမှုကြောင့် ပြိုကျပျက်စီး ခဲ့သည့် နေအိမ်(၂)လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း(၉)မျိုး၊ အိမ်ဆောက် ပစ္စည်းဖိုး(၁၀၀၀၀၀/-)ကျပ်၊ လူဦးရေ(၆)ဦးအတွက် ဆန်ရိက္ခာ (၃)ရက်စာ (၅၄၀၀/-)ကျပ်၊ စုစုပေါင်း (၁၀၅၄၀၀/-)ကျပ်နှင့် ကျုံတာကျေးရွာတွင် (၁၃-၆-၂၀၁၆) ရက်နေ့၌ ဖြစ်ပွားခဲ့သော လေဘေးကြောင့် အမိုးလန် ပျက်စီးခဲ့ သည့် နေအိမ်(၂)လုံးအတွက် ကယ်ဆယ်ရေး ပစ္စည်း(၄)မျိုး၊ အိမ်ဆောက် ပစ္စည်းဖိုး(၄၀၀၀၀/-)ကျပ်၊ လူဦးရေ(၁၁)ဦးအတွက် ဆန်ရိက္ခာ(၃)ရက်စာ (၉၉၀၀/-)ကျပ်၊ စုစုပေါင်း (၄၉၉၀၀/-)ကျပ်၊ ကယ်ဆယ်ရေးရန်ပုံငွေစုစုပေါင်း (၁၅၅၃၀၀/-)ကျပ်အား (၁၅-၆-၂၀၁၆)ရက်နေ့တွင် ဧရာဝတီ တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရေကြည်မြို့နယ်မှ သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ်များ၊ ငါးသိုင်းချောင်းမြို့အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ဘေးဖြစ်ပွားသည့် ကျေးရွာများသို့ ကွင်းဆင်းထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။

Sign Up

Upcoming Events