Author Archives: RRD
-
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ် အ.ထ.က ဒေါက်ရပ်တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဟောပြောပွဲပြုလုပ်မှုသတင်း
မြန်မာနိုင်ငံတွင် လတ်တလောဖြစ်ပွားနေသည် မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံခြင်း၊ မိုးသီးကြွေခြင်း၊ မိုးကြိုးပစ်ခတ်ခြင်းစသည်များဖြစ်ပေါ်လျက်ရှိရာ မွန်ပြည်နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား/ကျောင်းသူများအနေဖြင့် သဘာဝဘေးအန္တရာယ်များဖြစ်ပွားလာပါက လိုက်နာရမည့် ဆောင်ရန်/ ရှောင်ရန်ကိစ္စများ၊ ကြိုတင်ကာကွယ်ခြင်း၊ ကြိုတင်ပြင်ဆင်ခြင်း၊ တုံ့ပြန်ခြင်းဆိုင်ရာ အသိပညာဗဟုသု တရရှိစေရေးအတွက် ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိ သူများသည် သဘာဝဘေးဆိုင်ရာအသိပညာပေးဆွေးနွေပွဲအား ဘီးလင်းမြို့နယ် အခြေခံပညာအထက်တန်း ကျောင်း ဒေါက်ရပ်၌ (၂၄.၆.၂၀၁၆) နေ့တွင် ကျင်းပပြုလုပ်ခဲ့ရာ ကျောင်းသား/ကျောင်းသူ၊ ဆရာမ (၃၂၀) ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။
-
မြဝတီမြို့နယ်၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းသား/သူများအား သဘာဝဘေး အန္တရာယ်ဆိုင်ရာ ဆွေးနွေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
(၂၄-၆-၂၀၁၆) ရက်နေ့တွင် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာန၊ မြဝတီခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူ များသည် မြဝတီမြို့နယ်၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းသား/သူ အင်အား (၆၀၀) ကျော်အား ဘာဝဘေးအန္တရာယ် မဖြစ်မီ၊ ဖြစ်ပွားနေစဉ်၊ ဖြစ်ပွားပြီး အခြေအနေများတွင် လိုက်နာ လုပ်ဆောင်ရမည့်နည်းလမ်းများအား သဘာဝဘေးတစ်ခုချင်းစီအလိုက် ဆွေးနွေးဟောပြောခဲ့ကာ လက်ကမ်း စာစောင်များဝေငှပြီး မြဝတီခရိုင်ဦးစီးမှူးရုံးမှ ကျောင်းအုပ်ကြီးထံသို့ နံရံကပ်ပိုစတာများ ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။ Source: မြဝတီခရိုင်ဦးစီးမှူးရုံး(ကဆရ)
-
မကွေးတိုင်းဒေသကြီး၊ မကွေးမြို့၊ အ.ထ.က (၄) ကျောင်း၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဆွေးနွေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
(၂၄-၆-၂၀၁၆) ရက်နေ့တွင် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး မှ တာဝန်ရှိသူများသည် မကွေးတိုင်းဒေသကြီး၊ မကွေးမြို့၊ အ.ထ.က (၄) ကျောင်း၌ ကျောင်းသား/ကျောင်းသူများအနေဖြင့် သဘာဝဘေးအန္တရာယ်များဖြစ်ပွားလာပါက လိုက်နာရ မည့် ဆောင်ရန်/ရှောင်ရန်ကိစ္စများ၊ ကြိုတင်ကာကွယ်ခြင်း၊ ကြိုတင်ပြင်ဆင်ခြင်းနှင့် တုံ့ပြန်ခြင်းဆိုင်ရာ အသိပညာဗဟုသုတရရှိစေရေးအတွက် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဆွေးနွေးဟောပြောပွဲအား ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ ဟောပြောပွဲသို့ ကျောင်းသား/ သူများနှင့် ဆရာ/ ဆရာမများ (၆၀၀)ဦး တက်ရောက်ခဲ့ ကြောင်း သိရှိရပါသည်။ Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး(ကဆရ)
-
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင် ၊ မြိတ်မြို့နယ်၊ အ.ထ.က(ခွဲ)မြို့သစ်ကျောင်း၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဆွေးနွေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
(၂၄-၆-၂၀၁၆) ရက်နေ့တွင် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး မှ တာဝန်ရှိသူများသည် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင် ၊ မြိတ်မြို့နယ်၊ အ.ထ.က(ခွဲ)မြို့သစ်ကျောင်း၌ ကျောင်းသား/ကျောင်းသူများအနေဖြင့် သဘာဝဘေးအန္တရာယ်များဖြစ်ပွားလာပါက လိုက်နာရ မည့် ဆောင်ရန်/ရှောင်ရန်ကိစ္စများ၊ ကြိုတင်ကာကွယ်ခြင်း၊ ကြိုတင်ပြင်ဆင်ခြင်းနှင့် တုံ့ပြန်ခြင်းဆိုင်ရာ အသိပညာဗဟုသုတရရှိစေရေးအတွက် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဆွေးနွေးဟောပြောပွဲအား ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ ဟောပြောပွဲသို့ ကျောင်းသား/ သူများနှင့် ဆရာ/ ဆရာမများ (၃၃၅)ဦး တို့တက်ရောက်ခဲ့ ပြီး လက်ကမ်းစာစောင်များ နံရံကပ်ပိုစတာများ ဘောလ်ပင်များ ရေသန့်ဆေးမှုန့်ဘူးနှင့် သဘာဝဘေးအန္တရာယ်ဆိုင် ရာစီမံခန့်ခွဲမှုဥပဒေစာအုပ်များဝေငှပေးခဲ့ကြောင်း … Read more
-
တနင်္သာရီတိုင်းဒေသကြီး၊ အ.လ.က(ခွဲ)ရှင်မုတ္ထီးကျောင်း၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဆွေးနွေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
(၂၄-၆-၂၀၁၆) ရက်နေ့တွင် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် တနင်္သာရီတိုင်းဒေသကြီး၊ အ.လ.က(ခွဲ)ရှင်မုတ္ထီးကျောင်း၌ ကျောင်းသား/ကျောင်းသူများအနေဖြင့် သဘာဝဘေးအန္တရာယ်များဖြစ်ပွားလာပါက လိုက်နာရ မည့် ဆောင်ရန်/ရှောင်ရန်ကိစ္စများ၊ ကြိုတင်ကာကွယ်ခြင်း၊ ကြိုတင်ပြင်ဆင်ခြင်းနှင့် တုံ့ပြန်ခြင်းဆိုင်ရာ အသိပညာဗဟုသုတရရှိစေရေးအတွက် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဆွေးနွေးဟောပြောပွဲအား ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ ဟောပြောပွဲသို့ ကျောင်းသား/ သူများနှင့် ဆရာ/ ဆရာမများ (၁၆၀)ဦး တို့တက်ရောက်ခဲ့ ပြီး ဗလာစာအုပ်၊ ဘောပင်၊ ပိုစတာ ၊ လက်ကမ်းစာစောင်များဝေငှပေးခဲ့ကြောင်း သိရှိရပါသည်။ Source: တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး(ကဆရ)
-
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာဝင်းမြတ်အေးအား မြန်မာနိုင်ငံအထူးပညာရေးအသင်းမှ လာရောက်တွေ့ဆုံခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ မေခလာ ခန်းမတွင် ဇွန်လ (၂၄) ရက်နေ့၊ နံနက် (၁၁:၀၀) နာရီအချိန်တွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး အား မြန်မာနိုင်ငံအထူးပညာရေးအသင်း မှ ဥက္ကဌဖြစ်သူ ဦးထာအုပ် ဦးဆောင်သည့် အဖွဲ့ဝင်များ လာရောက်တွေ့ဆုံခဲ့ပါသည်။ ထိုသို့တွေ့ဆုံရာ၌ လူမှုဝန်ထမ်းဦးစီးဌာန နှင့် ဧဒင်မသန်စွမ်းသက်ငယ်များ ပြုစုရာရိပ်မြုံတို့ပူးပေါင်း၍ အင်္ဂလန်နိုင်ငံမှ With Love All Things Are Possible Charity, UK နှင့် University of Welverhampton(UOW) … Read more
-
ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့၊ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
(၂၄-၆-၂၀၁၆) ရက်နေ့တွင် ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့၊ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲ ကို ကျင်းပပြုလုပ်ခဲ့ရာ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ ခရိုင်ဦးစီးမှူးက သဘာဝဘေးအန္တရာယ်ဆိုင်ရာအကြောင်းအရာများနှင့်စပ်လျဉ်း၍ ဆွေးနွေးဟောပြောခဲ့ပြီး တက်ရောက်လာကြသည့် ကျောင်းသား/သူများအား သဘာဝဘေးအန္တရာယ်ဆိုင်ရာလက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ပါသည်။ ဟောပြောပွဲသို့ ကျောင်းသား/သူ (၃၁၀) ဦးတက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။ Source: ကျိုင်းတုံခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ သီရိမြိုင်ရပ်ကွက်၊ အ.ထ.က(၁၁)နှင့် ကျောက်တန်းရပ်ကွက်၊အ.ထ.က(၁၃)တို့တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဆွေးနွေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
(၂၃-၆-၂၀၁၆) ရက်နေ့တွင် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံး မှ တာဝန်ရှိသူများသည် မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ သီရိမြိုင်ရပ်ကွက်၊ အ.ထ.က(၁၁)နှင့်ကျောက်တန်းရပ်ကွက်၊အ.ထ.က(၁၃)တို့ ၌ ကျောင်းသား/ကျောင်းသူများအနေဖြင့် သဘာဝဘေးအန္တရာယ်များဖြစ်ပွားလာပါက လိုက်နာရ မည့် ဆောင်ရန်/ရှောင်ရန်ကိစ္စများ၊ ကြိုတင်ကာကွယ်ခြင်း၊ ကြိုတင်ပြင်ဆင်ခြင်းနှင့် တုံ့ပြန်ခြင်းဆိုင်ရာ အသိပညာဗဟုသုတရရှိစေရေးအတွက် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဆွေးနွေးဟောပြောပွဲအား ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ ဟောပြောပွဲသို့ ကျောင်းသား/ သူများနှင့် ဆရာ/ ဆရာမများ၊ အ.ထ.က (၁၁) တွင် (၃၀၀) ဦး နှင့် အ.ထ.က (၁၃)တွင် (၃၀၀)ဦး … Read more
-
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးခန်းမ၌ ကယ်ဆယ်ရေးနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာလုပ်ငန်းများ၊ ဥပဒေများ၊ လုပ်ထုံးလုပ်နည်းများ၊ ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ သင်ခန်းစာများပို့ချပေးမှုသတင်း
(၂၃-၆-၂၀၁၆) ရက်နေ့၊ (၁၃းဝ၀) နာရီမှ (၁၄းဝ၀) နာရီအချိန်ထိ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးခန်းမ၌ ကျင်းပပြုလုပ်သည့် “ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ၏ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေးသင်တန်း” တွင် ပြည်ခရိုင်ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ဝင်းဝင်းအေးက ကယ်ဆယ်ရေးနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာလုပ်ငန်းများ၊ ဥပဒေများ၊ လုပ်ထုံးလုပ်နည်းများ၊ ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ သင်ခန်းစာများပို့ချပေးခဲ့ရာ ဝန်ထမ်းအင်အား (၁၁၀) ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။ Source: ပြည်ခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
ထားဝယ်မြို့၊ အလက (၄) တွင် သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
(၂၃-၆-၂၀၁၆) ရက်နေ့တွင် တနင်္သာရီတိုင်းဒေသကြီး၊ အ.လ.က (၄) ထားဝယ်၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများက သဘာဝဘေးအန္တရာယ်ဆိုင်ရာအကြောင်းအရာများ၊ ဆောင်ရန် ရှောင်ရန်အချက်များနှင့်စပ်လျဉ်း၍ ဆွေးနွေးပြောကြားခဲ့ပါသည်။ ဆွေးနွေးပွဲသို့ ကျောင်းသား/သူအင်အား (၃၅၅) ဦး တက်ရောက်ခဲ့ပြီး အဆိုပါကျောင်းသား/သူများအတွက် ဗလာစာအုပ်များ၊ ဘောလ်ပင်များ၊ လက်ကမ်းစာစောင်များနှင့် ပိုစတာများ ဝေငှပေးခဲ့ကြောင်း သိရှိရပါသည်။ Source: တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)
