(၂၃-၆-၂၀၁၆) ရက်နေ့၊ (၁၃းဝ၀) နာရီမှ (၁၄းဝ၀) နာရီအချိန်ထိ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးခန်းမ၌ ကျင်းပပြုလုပ်သည့် “ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ၏ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေးသင်တန်း” တွင် ပြည်ခရိုင်ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ဝင်းဝင်းအေးက ကယ်ဆယ်ရေးနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာလုပ်ငန်းများ၊ ဥပဒေများ၊ လုပ်ထုံးလုပ်နည်းများ၊ ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ သင်ခန်းစာများပို့ချပေးခဲ့ရာ ဝန်ထမ်းအင်အား (၁၁၀) ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
Source: ပြည်ခရိုင်ဦးစီးမှူးရုံး (ကဆရ)