(၂၄-၆-၂၀၁၆) ရက်နေ့တွင် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး မှ တာဝန်ရှိသူများသည် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင် ၊ မြိတ်မြို့နယ်၊ အ.ထ.က(ခွဲ)မြို့သစ်ကျောင်း၌ ကျောင်းသား/ကျောင်းသူများအနေဖြင့် သဘာဝဘေးအန္တရာယ်များဖြစ်ပွားလာပါက လိုက်နာရ မည့် ဆောင်ရန်/ရှောင်ရန်ကိစ္စများ၊ ကြိုတင်ကာကွယ်ခြင်း၊ ကြိုတင်ပြင်ဆင်ခြင်းနှင့် တုံ့ပြန်ခြင်းဆိုင်ရာ အသိပညာဗဟုသုတရရှိစေရေးအတွက် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဆွေးနွေးဟောပြောပွဲအား ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ ဟောပြောပွဲသို့ ကျောင်းသား/ သူများနှင့် ဆရာ/ ဆရာမများ (၃၃၅)ဦး တို့တက်ရောက်ခဲ့ ပြီး လက်ကမ်းစာစောင်များ နံရံကပ်ပိုစတာများ ဘောလ်ပင်များ ရေသန့်ဆေးမှုန့်ဘူးနှင့် သဘာဝဘေးအန္တရာယ်ဆိုင် ရာစီမံခန့်ခွဲမှုဥပဒေစာအုပ်များဝေငှပေးခဲ့ကြောင်း သိရှိရပါသည်။
Source: တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး(ကဆရ)