မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ် အ.ထ.က ဒေါက်ရပ်တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဟောပြောပွဲပြုလုပ်မှုသတင်း

2

မြန်မာနိုင်ငံတွင် လတ်တလောဖြစ်ပွားနေသည် မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံခြင်း၊ မိုးသီးကြွေခြင်း၊ မိုးကြိုးပစ်ခတ်ခြင်းစသည်များဖြစ်ပေါ်လျက်ရှိရာ မွန်ပြည်နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား/ကျောင်းသူများအနေဖြင့် သဘာဝဘေးအန္တရာယ်များဖြစ်ပွားလာပါက လိုက်နာရမည့် ဆောင်ရန်/ ရှောင်ရန်ကိစ္စများ၊ ကြိုတင်ကာကွယ်ခြင်း၊ ကြိုတင်ပြင်ဆင်ခြင်း၊ တုံ့ပြန်ခြင်းဆိုင်ရာ အသိပညာဗဟုသု တရရှိစေရေးအတွက် ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိ သူများသည် သဘာဝဘေးဆိုင်ရာအသိပညာပေးဆွေးနွေပွဲအား ဘီးလင်းမြို့နယ် အခြေခံပညာအထက်တန်း ကျောင်း ဒေါက်ရပ်၌ (၂၄.၆.၂၀၁၆) နေ့တွင် ကျင်းပပြုလုပ်ခဲ့ရာ ကျောင်းသား/ကျောင်းသူ၊ ဆရာမ (၃၂၀) ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

Sign Up

Upcoming Events