မြဝတီမြို့နယ်၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းသား/သူများအား သဘာဝဘေး အန္တရာယ်ဆိုင်ရာ ဆွေးနွေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း

mwd2 mwd3 mwd4

(၂၄-၆-၂၀၁၆) ရက်နေ့တွင် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာန၊ မြဝတီခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူ များသည် မြဝတီမြို့နယ်၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းသား/သူ အင်အား (၆၀၀) ကျော်အား ဘာဝဘေးအန္တရာယ် မဖြစ်မီ၊ ဖြစ်ပွားနေစဉ်၊ ဖြစ်ပွားပြီး အခြေအနေများတွင် လိုက်နာ လုပ်ဆောင်ရမည့်နည်းလမ်းများအား သဘာဝဘေးတစ်ခုချင်းစီအလိုက် ဆွေးနွေးဟောပြောခဲ့ကာ လက်ကမ်း စာစောင်များဝေငှပြီး မြဝတီခရိုင်ဦးစီးမှူးရုံးမှ ကျောင်းအုပ်ကြီးထံသို့ နံရံကပ်ပိုစတာများ ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။

Source: မြဝတီခရိုင်ဦးစီးမှူးရုံး(ကဆရ)

Sign Up

Upcoming Events